ဖောက်ပြန်တဲ့လင်ငယ်မှ လင်ကြီးအား ရိုက်သတ်မှု ဖြစ်ပွား
ရေတာရှည် မေ ၂၈
တောင်ယာပဲခင်းစောင့်နေသည့် အမျိုးသားတစ်ဦး ဒါဏ်ရာများဖြင့် သေဆုံးသည်ကို နေ့ချင်းမြေမြုပ်သဂြိင်္ုလ်သည့်ကိစ္စ မသင်္ကာ၍ ပြန်ဖော်စစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်ခဲ့သည်ဟု ရေတာရှည်မြို့မရဲစခန်းမှ စုံစမ်းသိရှိရပါသည်။
ဖြစ်စဉ်တွင် တောင်ငူခရိုင် ရေတာရှည်မြို့ အနောက်ဘက် ၂၁ မိုင်ခန့်အကွာ စကွေးအုပ်စု အောင်ချမ်းသာကျေးရွာ အရှေ့တောင်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ ယာပဲခင်းစောင့်နေသူ ဦးစောလှမူး အသက်(၆၂)နှစ်တွင် နံနက် ၆ နာရီအချိန်ခန့် တဲပေါ်တွင် ဦးခေါင်းသွေးထွက်ဒါဏ် ရာဖြင့်သေဆုံးနေသည်ကို သမီးဖြစ်သူ မနော်လားဖော်ဖာ ကတွေ့ရှိခဲ့ ခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပွားသည်ကို မိခင်ဒေါ်အေးမြင့် မှ သွေးရိုးသားရိုးတဲပေါ်မှ လိမ့်ကျသည်ဟု နေ့ချင်းသဂြိင်္ုလ်ခိုင်းခြင်းဖြစ်ကြောင်း သတင်းအား မေ ၂၆ ရက်နေ့ ညနေပိုင်း၌ ရေတာရှည်မြို့မရဲစခန်းသို့ သတင်းပေးတိုင်တန်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပေးပို့သော သတင်းအား အခင်းဖြစ် သည့်ဒေသသို့ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ ဦးစောလှမူး အား ချောင်းတစ်ဘက်ကမ်းရှိတောင်ကြောတွင်မြုပ်နှံထား သည်ကိုတွေ့ရှိသဖြင့် တူးဖေါ်ကြည့်ရှုစဉ် နဖူး၌ ပေါက်ပြဲဒါဏ်ရာ ၂ ချက်ကိုတွေ့ရှိခဲ့သည်။ ဆက်လက်စစ်ဆေးပေါ်ပေါက်ချက်များအရ သေဆုံးသူဇနှီးဒေါ်အေးမြင့်တွင် တစ်ရွာတည်းနေ ဖားစံမြင့် (၃၈)နှစ် နှင့် လူမှုရေးဖောက်ပြန်နေပြီး ဦးစောလှမူးအား ဖားစံမြင့်မှ တုတ်ဖြင့်ရိုက်သတ်ခဲ့ ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ပြောကြားသည်။
ထိုနောက် တရား ဖားစံမြင့် (၃၈)နှစ် အောင်ချမ်းသာကျေးရွာ နေသူအား ရေတာရှည်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂အရ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
သာခိုင်(တံမြက်စည်း)
U Naing Win
Subscribe to:
Post Comments (Atom)
No comments:
Post a Comment