Latest News

Wednesday, May 16, 2018

အကြမ်းဖက်အန္တရာယ် စိုးရိမ်နေရဆဲ အဆင့်မှာရှိသည့် အရှေ့တောင် အာရှ

အကြမ်းဖက်အန္တရာယ် စိုးရိမ်နေရဆဲ အဆင့်မှာရှိသည့် အရှေ့တောင် အာရှ

အရှေ့အလယ်ပိုင်း၌ အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့ (IS) တို့ကို မောင်းထုတ်နိုင်ခဲ့ပြီဟု ဆိုသော်လည်း ဥရောပနှင့် အရှေ့တောင် အာရှဒေသများတွင် ယခုအချိန်ထိ IS တို့၏ အန္တရာယ်ကို ရင်ဆိုင်နေရဆဲဖြစ်သည်။ မကြာသေးမီကပင် ပြင်သစ်၌ IS အစွန်းရောက်တစ်ဦးက လမ်းပေါ်တွင် သွားလာနေသူများကို ဓားဖြင့်လိုက်ထိုးခဲ့သောကြောင့် တစ်ဦးသေဆုံးခဲ့ပြီး ယခုလည်း အင်ဒိုနီးရှား၌ အတွဲလိုက်ဗုံးခွဲမှု ဖြစ်ပေါ် လာခဲ့ပြန်ပြီဖြစ်သည်။ ယခုတစ်ကြိမ် အင်ဒိုနီးရှား၌ အသေခံဗုံးခွဲမှုက ထူးဆန်းသည်ဟု ဆိုရမည်ဖြစ်သည်။ ကလေးများပါမကျန် သည့် မိသားစုတစ်ခုက ခရစ်ယာန် ဘုရားကျောင်းသုံးခုကို အသေခံ ဗုံးခွဲခဲ့ပြီး လူပေါင်း ၁၄ ဦးသေဆုံးခဲ့ကာ ၄ဝ ကျော် ဒဏ်ရာရရှိခဲ့သည်။ အသက်ကိုးနှစ်နှင့် ၁၂ နှစ်အရွယ် ကလေးငယ်များပင် ပါဝင်ခဲ့ပြီး IS တို့က ၎င်း တို့လက်ချက်ဖြစ် သည်ဟု ထုတ်ပြန်ခဲ့သည်။

အင်ဒိုနီးရှားအစိုးရက ၎င်းတို့ကို အားကျနေသည့် ဂျမားအန်ရှ် ရက်ဒူလာအဖွဲ့ လက်ချက်ဖြစ်သည်ဟု ထုတ်ပြန်ကာ ထိုတစ်ခု မပြီးသေးမီပင် အင်ဒိုနီးရှား ရဲဌာနချုပ်တစ်ခု သို့ မော်တော်ဆိုင်ကယ်စီးလာပြီး နောက်ထပ်တစ်ဖန် ဗုံးခွဲပြန်သည်။ ရဲအရာရှိတစ်ဦး ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ပြီး လေးဦးဒဏ်ရာရခဲ့ပြန်သည်။ ထို့ကြောင့် ဘုရားကျောင်းများ ဗုံးခွဲခံရသည့် နိုင်ငံ၏ အကြီးဆုံးဒုတိယမြို့ ဆူရာဗေရာရှိ ဘုရားကျောင်းများကို ခေတ္တပိတ်ထားရန် အမိန့်ထုတ်ခဲ့ရပြီး ဂျကာတာ၌ရှိသည့် ဘုရား ကျောင်းများကိုလည်း ယာယီပိတ်ထားရန် အမိန့်ထုတ်ခဲ့ရသည်။

မြို့တော်ဂျကာတာ၌လည်း အမြင့်ဆုံး တပ်လှန့်မှုများ လုပ်ထားပြီး အသေးစိတ် အခြေအနေကို ယခုအချိန်ထိ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ အင်ဒိုနီးရှား၌ အီရတ်နှင့် ဆီးရီးယားသို့ သွားရောက်၍ IS တို့နှင့် လက်တွဲ တိုက်ခိုက်ခဲ့သူ အကြမ်းဖက်သမား ရာနှင့်ချီရှိသည်။ ထိုလူများ အင်ဒိုနီးရှားသို့ နည်းလမ်းအမျိုးမျိုးဖြင့် ပြန်လည်ရောက် ရှိနေပြီဖြစ်ကာ ယခု ဘုရားကျောင်းများကို ဗုံးခွဲသည့်မိသားစုကလည်း ဆီးရီးယားကို ရောက်ရှိခဲ့ ဖူးသူများဖြစ်သည်။ ယခုအတိုင်းဆိုလျှင် ဆီးရီးယားနှင့် အီရတ်သို့ သွားဖူးသူတိုင်းကို စောင့်ကြည့်ရန် အင်ဒိုနီးရှားအစိုးရဘက်မှ လိုအပ်လာပြီဖြစ်သည်။

IS တို့က ၎င်းတို့ဌာနချုပ်ရက်ကာ ကျဆုံးသွားသော်လည်း ပြန်လည်ခေါင်းထောင် နိုင်ရန် အသည်းအသန် ကြိုးစားနေကာ ဝါဒဖြန့်မှုများ ပြန်လုပ်လာနေသည်။ စစ်တမ်းများအရ အင်ဒိုနီးရှား တစ်နိုင်ငံတည်းမှာ ပင် ဆီးရီးယားနှင့် အီရတ်သို့သွားပြီး ၎င်းတို့နှင့် ပူးပေါင်းခဲ့သူဦးရေက ၅ဝဝ ကျော်ရှိသည်ဟု ဆိုသည်။ ထို့အတူ အင်ဒိုနီးရှားမှာလည်း မြေအောက်စစ်သွေးကြွ အယူဝါဒ ရှင်သန်ပြီး အကြမ်းဖက်ရန် ကြံစည်နေသည့် အဖွဲ့များကလည်း ဆယ်နှင့်ချီရှိသောကြောင့် အင်ဒိုနီးရှား လုံခြုံရေးက ယခုအခါ စိုးရိမ်စရာ အခြေအနေ ဖြစ်လာနေပြီဖြစ်သည်။ IS တို့အင်ဒိုနီးရှားသို့ စရောက်လာခဲ့သည့်အချိန်က ၂ဝ၁၆ ခုနှစ်ကဖြစ်သည်။ ထို့နောက်၂ဝ၁၇ ခုနှစ် တွင်လည်း အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ယခု ၂ဝ၁၈ ခုနှစ်တွင် အကြမ်း ဖက်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ ၂ဝ၁၈ ခုနှစ်အဖွင့်ကို IS တို့က အဆိုးရွားဆုံး ဖွင့်လှစ်ခဲ့ပြီး နောက်ထပ်စိုးရိမ်စရာ နိုင်ငံတစ်ခုက မလေးရှား ဖြစ်သည်။

မလေးရှား လူမျိုးတို့သည်လည်း ရာနှင့်ချီကာ ဆီးရီး ယားနှင့် အီရတ်သို့သွားခဲ့ကြပြီး ၂ဝ၁၇ ခုနှစ် ကဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများက ထိုလူများ၏ လက်ချက်ဖြစ်သည်။ ယခု ထပ်မံဝါဒဖြန့်နိုင်ရန် အကြမ်း ဖက်လုပ်ငန်းများကို IS တို့ ပြန်လည် လုပ်ဆောင်လာနေသည်။ ယခုအယ်လ်ကိုင်ဒါကလည်း တစ်ဖန်ပြန်လည် ခေါင်းထောင်ထလာသောကြောင့် ကြောက်စရာ အကောင်းဆုံး အကြမ်းဖက် အဖွဲ့နှစ်ဖွဲ့သာ အင်အားကောင်းလာခဲ့လျှင် ကမ္ဘာပေါ်တွင် အကြမ်းဖက် လုပ်ရပ်များစွာ ဖြစ်ပေါ်လာဦးမည်ဖြစ်သည်။

ထို့ကြောင့် အစိုးရအချင်းချင်း သတင်းအချက်အလက် ဖလှယ်ရေးက အကြမ်း ဖက်တိုက်ဖျက်ရေးမှာ အရေးပါလာပြီး ရန်ဘက်အမေရိကန်နှင့် ရုရှားတို့ပင် အကြမ်းဖက် တိုက်ဖျက်ရေး အတွက်ဆိုလျှင် သတင်းအချက်အလက် ဖလှယ်ရသည်။ ထိုနည်းတူစွာပင် စိုးရိမ်စရာ အရှေ့တောင်အာရှ ဒေသမှာလည်း အကြမ်းဖက် တိုက်ဖျက်ရေးအတွက် သတင်းအချက်အလက် ဖလှယ်ရန် လိုသည်။

ထိုသို့မဟုတ်ပါက ယခုထက်ပိုသည့် အဆိုးရွားဆုံး အခြေ အနေများကို ထပ်မံတွေ့ကြုံလာနိုင်သည်။ အရှေ့တောင်အာရှ၌ အစ္စလာမ်မစ် စစ်သွေးကြွအန္တရာယ် စိုးရိမ်စရာနိုင်ငံများက ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့ ထိပ်ဆုံးမှပါဝင်ကာ ဖိလစ်ပိုင် ဆိုလျှင်လူပေါင်းထောင်ချီသည့် မာရာဝီမြို့ သိမ်းပိုက်တိုက်ခိုက်မှုအထိ ခံထားရဖူးသူ ဖြစ်သည်။ ယခု တပ်လှန့်ထားရသူက အင်ဒိုနီးရှား၊ ၂ဝဝ၂ ခုနှစ် ဘာလီတိုက်ခိုက်မှု ပြီးကတည်းက အကြမ်းဖက်နှိမ်နင်း ရေးကို အင်ဒိုနီးရှားအစိုးရ အရှိန်မြှင့်လုပ်လာခဲ့ကာ ထိုအချိန်က တည်းက အကြမ်းဖက်သမားများ ယခုအချိန်ထိ ၈ဝဝ ကျော် စစ်ဆင်ရေးများမှာ သေဆုံးခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

သို့သော်လည်း အကြမ်းဖက်မှုများ ကဆက်လက်ရှင် သန်နေဆဲဖြစ်ကာ ဘာလီတိုက်ခိုက်မှုက သမိုင်းတွင် လူသေမှု အများဆုံးအကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်။ ဘားတစ်ခုနှင့် ကလပ်တစ်ခု၌ အယ်လ်ကိုင်ဒါတို့၏ ဗုံးခွဲမှုကိုခံခဲ့ရပြီး လူပေါင်း ၂ဝဝ ကျော်သေဆုံးခဲ့သည်။ အများစုမှာ ဘာလီကဲ့သို့ နိုင်ငံတကာ ခရီးသွား အလာများသည့်နေရာ ဖြစ်သော ကြောင့် သေဆုံးသူများမှာ ကမ္ဘာ လှည့် ခရီးသွားများဖြစ်သည်။

ထိုဖြစ်စဉ်ပြီးနောက် ဘာလီသို့ ခရီးသွား အကြမ်းဖက် အန္တရာယ် စိုးရိမ်နေရဆဲ အဆင့်မှာရှိသည့် အရှေ့ တောင်အာရှ နည်းသွားကာ အင်ဒိုနီးရှားအစိုးရလည်း ခရီးသွား လာရေး လုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ နည်းခဲ့ရ သည်။ ထို့ကြောင့် အကြမ်းဖက် တိုက်ဖျက်ရေးကို နှစ်ဆတိုး လုပ်ခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း ကမ္ဘာ ပေါ်၌ မွတ်စလင် အများဆုံး နေထိုင်သည့်နိုင်ငံ အင်ဒိုနီးရှားမှာ အစွန်းရောက်ဝါဒက ဆက်လက်ရှင်သန် နေဆဲဖြစ်ကာ ထိုအချက်ကြောင့် IS တို့က အင်ဒိုနီးရှားနှင့် မလေးရှားတို့ကို ၎င်းတို့နောက်ထပ် အခြေ စိုက်မည့်နေရာများအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အရှေ့တောင်အာရှဘက်၌ ဖိလစ်ပိုင်ကဲ့သို့ စစ်သွေးကြွများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားရသည့် နေရာများရှိသည်။ မွတ်စလင် အများဆုံး နိုင်ငံများလည်းရှိသည်။ ယခင် ကတည်းကပင် အကြမ်းဖက်ဝါဒကလည်း ကိန်းအောင်းနေသည်။

ထို့ကြောင့် ဝါဒဖြန့်ရန် အကောင်းဆုံးအဖြစ် ၎င်းတို့ယူဆထားကြကာ အယ်လ် ကိုင်ဒါတို့ ရွှေထီးဆောင်းခဲ့ရစဉ် တစ်ချိန်တုန်းကလည်း အရှေ့တောင်အာရှကို ပစ်မှတ်ထားခဲ့ကြဖူးသည်။ ဘင်္ဂလားဒေ့ရှ်ဆိုလျှင် ၎င်း၏နိုင်ငံသားမှ ၎င်း၏နိုင်ငံသား၊ မွတ်စလင်မဟုတ်လျှင် အပြစ်ရှိသည်။ မွတ်စလင် မဟုတ်က သတ်ပစ်မည်ဆိုသည့် ပြည်တွင်းအစွန်းရောက် ဝါဒီများပင် IS တို့နှင့် မပတ်သက်ခင်ကတည်းက ရှိခဲ့သည်။ ထို့ကြောင့် ခရစ်ယာန် ဘုန်းကြီးများ အသတ်ခံရသည်။

ဘာသာရေးနှင့် မဆိုင်သော လောကုတ္တရာ ရေးရာ ဘလော်ဂါများ အသတ်ခံရသည်။ ထိုမျှအထိ အယူသီးသူများ ဘင်္ဂလားဒေ့ရှ်၌ရှိသည်။ ဥရောပနှင့် အနောက်အုပ်စုတို့က လုံခြုံရေးနှင့် နည်းပညာ အားကောင်းသောကြောင့် သိပ်စိုးရိမ်စရာ မရှိကာ နည်းပညာ အားနည်းပြီး လုံခြုံရေးလိုအပ်ချက်များ ရှိနေသည့် အရှေ့တောင်အာရှ၌ အကြမ်းဖက် အန္တရာယ်က စိုးရိမ် စရာအဆင့်၌ ရှိနေေ သးပါကြောင်း တင်ပြလိုက်ရပါသည်။

ရှိန်းထက်

No comments:

Post a Comment