Latest News

Monday, May 7, 2018

ဇာတ်ပို့သမား အချင်းချင်း သစ္စာရှိဖို့လိုကြောင်း ဝါရင့်ဇာတ်ပို့ သရုပ်ဆောင် ဂွမ်းပုံကြီးပြော

ဇာတ်ပို့သမား အချင်းချင်း သစ္စာရှိဖို့လိုကြောင်း ဝါရင့်ဇာတ်ပို့ သရုပ်ဆောင် ဂွမ်းပုံကြီးပြော

ဇာတ်ပို့သမား အချင်းချင်း သစ္စာရှိပါက သရုပ်ဆောင် အလှည့်အပြောင်းဖြစ်မည် မဟုတ်ကြောင်း ဝါရင့်ဇာတ်ပို့ သရုပ်ဆောင် ဂွမ်းပုံကြီးကပြောသည်။

''အန်တီဂွမ်းတို့ အထင်ပေါ့။ ဒါက မန်နေဂျာပေါ်မှာလည်း မူတည်ပါသေးတယ်။ ဒါရိုက်တာက မဂွမ်းပုံကြီးကို ခေါ်ပေးပါလို့ ဆိုပေမယ့် တခြားသရုပ်ဆောင် တစ်ယောက်ကို ခေါ်သွားတာတွေရှိတယ်။ ဒါကလည်း ကိုယ်တွေ ဇာတ်ပို့၊ ဇာတ်ရံအချင်းချင်း သစ္စာရှိရင် တော့ကောင်းပါတယ်။ ဇာတ်ပို့၊ ဇာတ်ရံအချင်းချင်းက သူတော့ဖြင့်မရှိဘူး ခရီးထွက်သွားတယ် ဆိုပြီး တချို့တွေက လိမ်ပြောကြတာတွေ ရှိတယ်။ ဒါကြောင့် သူ့နေရာမှာ နောက်သရုပ်ဆောင် တစ်ယောက် အစားထိုးလိုက်တယ်ပေါ့'' ဟု သရုပ်ဆောင် ဂွမ်းပုံကြီးကပြောသည်။

ယခုကဲ့သို့ ဇာတ်ဝင်ခန်းနှင့် အံဝင်ခွင်ကျမည့် သရုပ်ဆောင်များကို သေချာစိစစ် ကမ်းလှမ်းရိုက်ကူးခြင်း မရှိဘဲ ကြုံရာလူများကိုသာ အစားထိုးထည့်သွင်း ရိုက်ကူးနေခြင်း တို့ကြောင့် ဇာတ်ကား အရသာများ ပြည့်ဝခြင်း မရှိသကဲ့သို့ ကမ်းလှမ်းထားခြင်း များကြောင့် တခြားရိုက်ကူးမှု များကို လက်မခံ လိုက်ရခြင်းများလည်း ဇာတ်ပို့၊ ဇာတ်ရံများ အနေဖြင့် ထိခိုက်နိုင်ကြောင်း ဂွမ်းပုံကြီးကပြောသည်။

MWD

No comments:

Post a Comment