Latest News

Monday, May 7, 2018

အနုပညာ အလုပ်တွေ ပြန်လုပ်နေပြီဆိုတဲ့ သရုပ်ဆာင် မိုးဟေကို

အနုပညာ အလုပ်တွေ ပြန်လုပ်နေပြီဆိုတဲ့ သရုပ်ဆာင် မိုးဟေကို

သရုပ်ဆောင်မိုးဟေကိုအနေဖြင့် သူမ၏ မိခင်ကျန်းမာရေး မကောင်းသဖြင့် အနုပညာ လှုပ်ရှားမှုများ ခေတ္တရပ်နားထားသော်လည်း ယခုအချိန်တွင် အနုပညာ အလုပ်များကို ပြန်လည် လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

''မိုးအနုပညာနဲ့ ကင်းကွာနေသလို ဖြစ်နေတာက မိုးအမေရဲ့ ကျန်းမာရေးကြောင့်ပါ။ မိုးအနုပညာကို ဝါသနာပါလို့ ဘယ်လို အခက်အခဲတွေပဲ ရှိနေပါစေ လျှောက်လှမ်းလာတာ ၁ဝ နှစ်ရှိပါပြီ။ အနုပညာ အလုပ်ကို ဘယ်တော့မှလျှော့မှာ မဟုတ်ပါဘူး။ အနုပညာ အလုပ်ကို အမြဲလုပ်သွားမှာပါ''ဟု သရုပ်ဆောင် မိုးဟေကိုက ပြောသည်။

လက်ရှိတွင် မိုးဟေကိုအနေဖြင့် ကိုယ်ပိုင်စီးပွားရေး ကိုလည်း ဦးဆောင်ပြုလုပ်နေပြီး အနုပညာနှင့် ပတ်သက်သည့် မိုးရုပ်ရှင် ထုတ်လုပ်ရေး ကိုလည်း ဦးဆောင်လုပ်ကိုင်လျက် ရှိသည်။

သူမအနေဖြင့် နောက်ပိုင်းတွင် အနုပညာနှင့် ပတ်သက်သည့် လုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင် သွားရန်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးဟေကို အနေဖြင့် သူမ၏ မိုးရုပ်ရှင် ထုတ်လုပ်ရေးနှင့်အတူ ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးသွားရန် စီစဉ်ထားကြောင်း သိရသည်။

MWD

No comments:

Post a Comment