တစ်နိုင်ငံလုံးရှိ ကြိုးတံတားများ၏ ကြံ့ခိုင်ရေးအား စစ်ဆေးလျက်ရှိ
နေပြည်တော် မေ ၁၅
တစ်နိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်း၏ ကြံ့ခိုင်ရေးအား ပြည်ပကျွမ်းကျင်ပညာရှင်များနှင့် လမ်းတံတားဦးစီးဌာနမှ အင်ဂျင်နီယာ များ ပူးပေါင်းကာ ပြန်လည်စိစစ်မှုများ ပြုလုပ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။
ယနေ့ မွန်းလွဲ ၁ နာရီက နေပြည်တော် ပြန်ကြားရေးဝန်ကြီး ဌာနတွင် ပြုလုပ်သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ အတွက် ဒုတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာ များ၏ မေးမြန်းမှုကို ‘ဒုတိယဝန်ကြီးက ထိုသို့ပြန်လည်ပြော ကြားခဲ့ခြင်းဖြစ်သည်။
''မြောင်းမြကြိုးတံတား ဖြစ်စဉ်လိုမျိုး နောက်တံတား တွေမှာ မဖြစ်ဖို့ ကျွန်တော်တို့မှာ နည်းပညာ အားနည်းနေတယ်၊ အခု တရုတ်ပညာရှင် ၂၂ ဦး ရောက်လာတဲ့အခါ ခေတ်မီ စက်ကိရိယာတွေ ပါလာတယ်၊ နည်းပညာနဲ့ပတ်သက်ပြီးလည်း ကူညီပေးဖို့ ပြောထားတယ်၊ ပြီးတော့ ကျွန်တော်တို့ အင်ဂျင် နီယာတွေကိုလည်း လက်တွဲပြီး မျှဝေသင်ကြားပေးနေပါတယ်၊ ကြိုးတံတား ၂၉ စင်းလုံးကို စစ်ဆေးနေပါတယ်''ဟု ဒုတိယဝန်ကြီးက ပြောသည်။
ထိုကဲ့သို့ ပြည်ပပညာရှင်များနှင့် ပူးပေါင်းစစ်ဆေးနေသည့် ကြိုးတံတား ၂၉ စင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မယ်ဇလီတံတားနှင့် မွန်ပြည်နယ်အတွင်းရှိ ဇာသပြင် တံတားတို့သည် အန္တရာယ်ရှိသည့် အခြေအနေတွင် ရှိနေ ကြောင်း ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်ကို ဒုတိယ ဝန်ကြီးက ပြောသည်။
''တံတား ၂၉ စင်းထဲက အဆိုးဆုံး တံတား နှစ်စင်းကို တရုတ်ပညာရှင်တွေက အ္တရာယ်ရှိတယ်ဆိုပြီး ထောက်ပြ ပါတယ်၊ အန္တရာယ်ရှိတဲ့အခြေအနေရောက်နေတဲ့အတွက် ခရီးသည်တင်ဘတ်စ်ကားဆိုရင်လည်း ကားချည်းပဲ ပေးမောင်း ပြီး လူတွေကို ဆင်းလျှောက်စေပါတယ်၊ ကုန်တင်ယာဉ်တွေ ဆိုလည်း ကုန်တွေလျှော့ချပြီးမှ သွားခိုင်းပါတယ်၊ သူတို့က ၁၃ တန်အောက် လျှော့ချပါလို့ အကြံပြု ပြောတယ်၊ ‘ဒီတံတား နှစ်စင်းကို အမြန်ဆုံး ပြန်လည်ပြီးအစားထိုးဖို့ လုပ်နေပါတယ်'' ဟု ဒုတိယဝန်ကြီးက ဆိုသည်။
ပြည်ပကျွမ်းကျင်ပညာရှင်များနှင့် လမ်းတံတားဦးစီးဌာနမှ အင်ဂျင်နီယာများအနေဖြင့် ပြန်လည်စိစစ်နေသည့် ကြိုး တံတား ၂၉ စင်း၏ ကြံ့ခိုင်မှုအခြေအနေ စစ်ဆေးတွေ့ရှိချက်ကို ဇူလိုင် ၃၁ ရက်တွင် အများပြည်သူ သိရှိနိုင်စေရန် ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
မင်းသစ် (MNA)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment