Latest News

Tuesday, May 15, 2018

ရန်ကုန်မြို့ပြ အမွေအနှစ် လျှောက်လမ်း

ရန်ကုန်မြို့ပြ အမွေအနှစ် လျှောက်လမ်း


အာရှ  မှာတော့ ရန်ကုန်မြို့ဟာ မြို့ပြအမွေအနှစ် အပေါ များဆုံး မြို့တွေထဲမှာ တစ်မြို့အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် လည်း မြို့ပြအမွေအနှစ်တွေကို ပိုင်ဆိုင်ထားတဲ့ ရန်ကုန်မြို့မှာ မြို့ပြ အမွေအနှစ်တွေကို ကြည့်ရှုလေ့လာနိုင်တဲ့ လျှောက်လမ်း အစီအစဉ်တစ်ခု     ထွက်ပေါ်လာနိုင်ရေး     ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါကတော့ ရန်ကုန်မြို့ပြရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့   သတင်းကောင်းတစ်ရပ်   ဖြစ်လို့ ကြိုဆိုရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေမှာ ရန်ကုန်လျှောက်လမ်း ဖော်ထုတ်ဖို့ ကြိုးစားတဲ့နေရာမှာ ရွှေတိဂုံစေတီတော်ကနေပြီး ဗိုလ်တထောင် ဘုရားအထိ လမ်းလျှောက်ကြည့်ရှု လေ့လာနိုင်တဲ့  အစီအစဉ်ဖြစ်ပါတယ်။ အဲဒီရန်ကုန်လျှောက် လမ်း   အစီအစဉ်မှာတော့   ဘာသာရေး ဆိုင်ရာ၊    စီးပွားရေးဆိုင်ရာ၊    အနုပညာ ဆိုင်ရာနဲ့    ဗဟုသုတ  လေ့လာဖွယ်ရာ နေရာတွေအပြင်    ရန်ကုန်မြို့ပြရဲ့    လူမှုဘဝ  နေ့စဉ်လှုပ်ရှားမှု  မြင်ကွင်း တွေကို   ကိုယ်တိုင်ထိတွေ့   ကြည့်ရှု လေ့လာနိုင်မှာ   ဖြစ်ပါတယ်။   အဲဒီအစီ အစဉ်ကို     ပြည်သူတွေ    စိတ်ဝင်စားတာ တော့ အမှန်ပါပဲ။
လျှောက်ရင်းလေ့လာနိုင်
အခုရန်ကုန်မြို့ပြ   အမွေအနှစ်   စောင့် ရှောက်ရေးအဖွဲ့  (YHT) ကနေပြီး  ရန်ကုန်မြို့ပြ အမွေအနှစ်  လျှောက်လမ်း  အစီအစဉ်ကို  ဖော်ထုတ် နိုင်ရေး  ကြိုးစားနေတာဟာ  ရန်ကုန်မြို့လို   မြို့ကြီးတစ် မြို့အတွက်သာ     ဖြစ်သင့်ဖြစ်ထိုက်တဲ့     ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့  လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။  ရန်ကုန် မြို့ပြ အမွေအနှစ်လျှောက်လမ်းမှာ ရန်ကုန်မြို့ပြ အမွေအနှစ် နေရာ ၁၆ ခုကို ဖြတ်သန်းမှာဖြစ်ပြီး အဲဒီနေရာတွေကို လမ်း လျှောက်ရင်း လေ့လာနိုင်မှာဖြစ်ပါတယ်။
ရန်ကုန်မြို့ ခရီးသွားလုပ်ငန်းတိုးတက်ဖို့
ရန်ကုန်မြို့ပြ     အမွေအနှစ်လျှောက်လမ်း    ဖော် ထုတ်နိုင်ရင်   ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေရော၊ ပြည်တွင်းက   လေ့လာလိုတဲ့    ပြည်သူတွေအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်မှာ  ဖြစ်ပါတယ်။ လျှောက်လမ်း ခရီးစဉ်အတွက် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေ တာမို့  အကောင်အထည်ဖော်နိုင်ရင် ရန်ကုန်မြို့ ခရီး သွားလုပ်ငန်းလည်း တိုးတက်လာဖို့  ရှိနေပါတယ်။
ရန်ကုန်မြို့ပြ အမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ ၂ဝ၁၂ ခုနှစ် မတ်လက စတင်ဖွဲ့စည်းတည်ဆောက်ခဲ့တာ ဖြစ်ပြီး မြို့ပြအမွေအနှစ်တွေကို  စာရင်းကောက်ယူခြင်း၊  ရန်ကုန်မြို့ကို    အာရှမှာ    အလှပဆုံးနှင့်     နေချင်စဖွယ် အကောင်းဆုံးမြို့တစ်မြို့ဖြစ်လာစေရန်၊ မြို့ပြအမွေအနှစ်များ အား  ထိန်းသိမ်းစောင့်ရှောက်ရာတွင်    ကူညီခြင်း၊    မြို့ပြအမွေ အနှစ်များနှင့် ပတ်သက်ပြီး စီမံခန့်ခွဲရေးဆိုင်ရာ မူဝါဒများချမှတ် ရာတွင်     အကြံပေးခြင်း၊    မြို့ပြအမွေအနှစ်နဲ့ပတ်သက်ပြီး ပြည်သူတွေကို    သင်တန်းများ၊    အသိပညာပေးခြင်းတွေကို ဆောင်ရွက်ပေးနေပါတယ်။
ဒါကြောင့်လည်း      ရန်ကုန်မြို့ပြရဲ့     သမိုင်းဝင်နေရာ အဆောက်အအုံတွေကို အပြာရောင်ကမ္ပည်းပြားတွေ တပ်ဆင် ခဲ့ရာမှာ   ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ နေရာပေါင်း ၂ဝ ရှိပြီဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ မြို့ပြအမွေအနှစ်နေရာပေါင်း ၃ဝဝဝ ကျော်ရှိနေတာဖြစ်ပြီး အဲဒီနေရာတွေကို စနစ်တကျစာရင်း ကောက်ယူ မှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရာမှာ ကူညီခြင်းတွေ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
မြို့ပြအမွေအနှစ်အတွက် အရေးပါတဲ့ အဆောက်အအုံ
ရန်ကုန်မြို့ပြအမွေအနှစ်တွေကို စာရင်းကောက်ယူရာမှာ မြို့ပြအမွေအနှစ်အတွက် အရေးပါတဲ့ အဆောက်အအုံတွေသာ မကဘဲ  ကျောင်းတွေ၊ လမ်းတွေကိုလည်း ထည့်သွင်းကောက်ယူ  ဖြစ်တာမို့    သမိုင်းဝင်နေရာတွေကိုလည်း    လေ့လာမှုတွေ ပြုလုပ်လျက်ရှိတယ်။ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၁ ရက်ကဆိုရင် အလံပြဘုရားလမ်းနဲ့  နဝဒေးလမ်းထောင့်မှာရှိတဲ့  အထက (၁)  ဒဂုံကျောင်းကို အပြာရောင်ကမ္ပည်းတပ်ဆင်တာ ပြုလုပ်ခဲ့ပါသေး တယ်။
ရန်ကုန်မြို့ပြအမွေအနှစ်တွေကို ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်တွေမှာ ဆက်လက်စာရင်းကောက်ယူမှာ ဖြစ်တာကြောင့် အသိအမှတ်ပြု စာရင်းဝင်မြို့ပြအမွေအနှစ်အရေအတွက်ဟာ တိုးပွားလာမှာဖြစ်ပါတယ်။ ဒါက အဲဒီနေရာတွေမှာ အပြာရောင် ကမ္ပည်းတပ်ဆင်ခြင်းတွေ၊             ကမ္ပည်းပြားထုလုပ်ခြင်းတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ဟာ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အထင်ကရနေရာနဲ့ အဆောက်အအုံတွေ၊ ဟိုတယ်နဲ့ အထပ်မြင့်အဆောက်အအုံတွေ တစ်နေ့တခြား တိုးပွားများပြားလာနေတာမို့ မြန်မာနိုင်ငံအတွင်း တိုးတက်¶ဖြိုး မှု အကောင်းဆုံးမြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ ခေတ်မီအဆောက် အအုံသစ်တွေ တိုးပွားများပြားလာသလို သက်တမ်းရင့်နေပြီ ဖြစ်တဲ့    ရှေးဟောင်းအဆောက်အအုံတွေ  မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်မှုလည်း လိုအပ်ပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေကို  ပြသနိုင်
ပေါများစွာတည်ရှိနေတဲ့ မြို့ပြအမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်သလို တစ်ဖက်ကလည်း ပြည်ပခရီးသွားတွေကို ပြသပြီး ဝင်ငွေရှာဖွေတဲ့ အစီအစဉ်ဖြစ်တဲ့ မြို့ပြအမွေအနှစ် လျှောက်လမ်းဖော်ထုတ်မှုကလည်း ကြိုဆိုရမယ့် အစီအစဉ်တစ်ခု ပါပဲ။ နိုင်ငံတကာကိုကြည့်ရင် သူတို့ရဲ့ ရှေးဟောင်းအမွေအနှစ် တွေကို ထိန်းသိမ်းစောင့်ရှောက်မှုအားနည်းခဲ့လို့ အခုချိန်မှာ အရေအတွက် အနည်းငယ်သာ ကျန်ရှိနေတော့တာတွေ တွေ့မြင် နေရသလို ထိန်းသိမ်းရေးအားကောင်းလို့ မြို့ပြအမွေအနှစ်တွေ မထိခိုက်၊  မပျက်စီးဘဲ  က္ဘာလှည့်ခရီးသွားတွေကို  ပြသနိုင်ပြီး ဝင်ငွေကောင်းနေတာ  မြင်တွေ့   ကြားသိနေရပါတယ်။

ရန်ကုန်လျှောက်လမ်းနဲ့အတူ မြို့ပြအမွေအနှစ် လျှောက် လမ်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်တွေ၊ လုံခြုံရေး စနစ်တွေနဲ့      ဝန်ဆောင်မှုတွေကို     စနစ်တကျထည့်သွင်းပြီး အကောင်အထည်ဖော်မယ်ဆိုရင်တော့ နိုင်ငံတကာက ခရီး သွားတွေ၊ လေ့လာသူတွေအတွက် ဆွဲဆောင်မှုရှိမယ့်  အစီအစဉ် ဖြစ်မယ်ဆိုတာကို ယုံကြည်မိနေတာ အမှန်ပါပဲ။        ။

ဝေယံဦး(မြန်​မာ့အလင်း)ဓာတ်ပုံ-ကေဇင်

No comments:

Post a Comment