လွိုင်ကော် မေ ၁၅
ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုး သား တိုးတက်ရေးပါတီ (KNPP) တို့၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီတို့ ပူးတွဲထုတ်ပြန်ချက် အပိုဒ် (၃) အရKNPPအနေဖြင့်NCA တွင် လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည့် သဘောတူ ညီချက်ကို ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူ သုံးသောင်းခန့်က အားပေးထောက်ခံ ကြိုဆိုပါကြောင်း ဆန္ဒဖော်ချီတက်ပွဲကို မေ ၁၅ ရက် နံနက် ၈ နာရီက ကယားပြည်နယ် လွိုင်ကော်မြို့ ထေးသမရပ်ကွက်ရှိ ရိုးရာကေ့ထျိုးဘိုး ကွင်း၌ ကျင်းပသည်။
ချီတက်ပွဲတွင် ဥတ္တရာရုံပရိယတ္တိ စာသင်တိုက်မှ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဇိနောဘာသနှင့် သံဃာတော်များ၊ အင်္ဂလီကန်ခရစ်ယာန် အသင်းတော်မှ တရားဟောဆရာတော် စတိုင်လို၊ ကက်သလစ်ခရစ်ယာန်အသင်း တော်မှ ဖာသာချဲဆိုဘရွှေနှင့် ခရစ်ယာန် သီလရှင်များ၊ ၈၈ မျိုးဆက်အင်အားစု အဖွဲ့ဝင် ဦးသက်နောက်ထွန်း၊ ဦးဘန်ဒီ၊ နိုင်ငံရေးပါတီဝင်များ၊ ကေ့ထျိုးဘိုးရိုးရာ အဖွဲ့များမှ အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူလူထုအင်အား သုံးသောင်းခန့် တက်ရောက်ကြကြောင်း သိရသည်။
ကိုစိုင်း(လွိုင်ကော်)
ပြန်/ဆက်
No comments:
Post a Comment