Latest News

Tuesday, May 8, 2018

့တစ်ပတ်အတွင်း အရောင်းသွက်လာတဲ့ရန်ကုန်ကားဈေးကွက်


တစ်ပတ်အတွင်း အရောင်းသွက်လာတဲ့ရန်ကုန်ကားဈေးကွက်

သင်္ကြန်ပြီးကာလ ပထမဆုံးအနေဖြင့် ယခုသီတင်း ပတ်သည် အရောင်းအဝယ် အားကောင်းလာသည့် အခြေအနေကို မြင်တွေ့ရသည်။ ကားဈေးကွက် အတွင်း ကားရောင်းချလိုသူနှင့် ဝယ်ယူသူများဖြင့် စည်ကားနေပြီး အများစုမှာ အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။

''အခုလို   ကျောင်းဖွင့်ရာသီ   နီးလာရင် အရောင်းအဝယ်ပြန်ဖြစ်လာတတ်တယ်၊ ရန်ကုန် ဝယ်လက်ရော၊ နယ်ဝယ်လက်ရော ဒီကာလမှာ ကားဝယ်လိုအား တက်လာတယ်၊ အရောင်းအဝယ် ဖြစ်နိုင်မယ့်ဈေးအခြေအနေကလည်း ကောင်း တယ်၊ ဈေးတွေကတော့ ပုံမှန်ပါပဲ၊ ဝယ်လိုအားမြင့် လာလို့ ကားဈေးတက်လာတာမျိုးတော့ မရှိပါဘူး၊ အများစုက ကြိုက်ရောင်းကြိုက်ဝယ်နဲ့ အဆင်ပြေ နေကြတယ်၊ မေလကို စဝင်ကတည်းက အရောင်း အဝယ်တက်လာခဲ့တယ်၊ အခုဆိုရင် တစ်ပတ်ရှိ လာပြီ၊ အရောင်းအဝယ်က ဒီအတိုင်းဆက်တိုက် အားကောင်းလာမယ်ဆိုရင်   ကားဈေးလည်း နည်းနည်းတော့ တက်လာမလားစောင့်ကြည့်ရဖို့ ရှိပါတယ်၊ အဓိကကတော့ အင်ဂျင်ပါဝါ ၁၃ဝဝစီစီ ကားလေးတွေပေါ့၊ အရောင်းဖြစ်တဲ့နေရာမှာ ရန်ကုန်လိုင်စင်ကလည်း လတ်တလောမှာ ထုတ် ပေးဖို့က ငြိမ်နေသေးတဲ့အတွက် စတိကားတွေ ထက်   နံပါတ်ထွက်ပြီး   ကားလေးတွေလည်း အရောင်းဖြစ်နေတာကိုတွေ့ရတယ်'' ဟု ကား ဝယ်ရောင်းတစ်ဦးက ပြောသည်။

သို့သော် ၁၃ဝဝ စီစီများသာ အလုပ်ဖြစ်နေကြ သည့်အတွက် ကားဈေးကွက်တစ်ခုလုံး ပြန်လည် လှုပ်ရှားရန် အချိန်လိုဦးမည်ဖြစ်သည်။ နယ်ဝယ် လက်များအပါအဝင်   ရန်ကုန်ဝယ်လက်များ အားလုံးသည်  ကားဝယ်ရောင်းလုပ်ငန်းများလုပ် ကိုင်ရာတွင် ရန်ကုန်လိုင်စင်ကားများသာ လက်ရှိ ဈေးကွက်အတွင်း ဦးဆောင်နေပြီး နယ်လိုင်စင်များ မျက်နှာငယ်နေဆဲအခြေအနေကို မြင်တွေ့ရသည်။

''လိုင်စင်က နယ်လိုင်စင်ဝယ်လည်း ရနေ ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြန်ရောင်း တဲ့အခါမှာ ရန်ကုန်လိုင်စင်လိုမျိုး လွယ်ကူမှုမရှိပါ ဘူး၊ နယ်လိုင်စင်သမား ကားပိုင်ရှင်တွေက ပြန် လည်ရောင်းချတဲ့အခါ    မျက်နှာငယ်ရတယ်၊ အကြောင်းကတော့  ရန်ကုန်ကသာ  ကားဈေး ကွက်မှာ အဓိကဦးဆောင်နေတာဖြစ်တဲ့အတွက်ပါ၊ အရောင်းအဝယ်  ပြန်လုပ်ချင်ရင်  နယ်လိုင်စင် တွေဟာ  ကားဈေးမြင့်တက်နေချိန်မှာတောင် မျက်နှာပန်း မလှဘူး''ဟု ကားပွဲစားတစ်ဦးက ပြောပြသည်။

ထို့ပြင် ရန်ကုန်လိုင်စင်များ ချထားပေးရန် မျှော်လင့်နေကြသူတို့များပြားသဖြင့် ကနဦးမှတ်ပုံတင် ခြင်းလုပ်ငန်းများတွင်တော့ ငြိမ်သက်နေပြီး ယခုကဲ့သို့ လဆန်းရက်များ၌ အခြားလများထက် နည်းပါး နေသည်ကိုလည်း မြင်တွေ့ရသည်။ ကုန်းလမ်းပို့ဆောင်ရေးòန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန် ချက်အရ လက်ရှိတွင် တစ်ဦးချင်း ကနဦး မှတ်ပုံတင်ရာတွင် နံပါတ်မှာ 6P - 9600 နံပါတ်ကျော်သွားခဲ့ သည်ကို  သိရှိရသည်။   ယာဉ်နံပါတ်အလှများ    ဝယ်ယူသူများလည်း   ယခုကာလအတွင်း စံချိန်တင် ရောင်းချပေးလျက်ရှိကြောင်းသိရှိရပြီး လက်ရှိတွင်  7P နံပါတ်အလှများ  ရောင်းချလျက်ရှိရာ အမြင့်ဆုံးဈေးနှုန်း ငွေကျပ် ၁၇ သိန်းဖြင့် ရောင်းချထားကြောင်း သိရှိရသည်။

အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများတွင် ထုံးစံအတိုင်းHonda Fit   မျိုးကွဲများကသာ ဦးဆောင် လျက်ရှိပြီး ယင်းအတွက် စလစ်ဈေးနှုန်းများလည်း အနည်းငယ်ပြန်လည်လှုပ်ခတ်လာသည်ကိုလည်း မြင်တွေ့ရသည်။ ''စလစ်အရောင်းအဝယ်က ရပ်တန့်နေတာ တစ်လကျော်သွားပြီး အရောင်းအဝယ် တန့်သလို ပေါက်ဈေးကလည်း တန့်နေခဲ့တာ၊ ဒါပေမယ့် အခုမေလဆန်းမှာတော့ လေးသိန်းလောက် တက်လာပြီး သက်တမ်း နှစ်နှစ်ဆယ် စလစ်ဈေးနှုန်းက ၁၂၅သိန်းဝန်းကျင်အထိ မြင့်တက်လာခဲ့ပါတယ်၊ ဝယ်သူလည်း အထိုက်အလျောက်ရှိပြီး အရောင်းအဝယ်ပုံမှန်နီးပါးဖြစ်လာတယ်''ဟု ကားပွဲစားတစ်ဦး က ပြောကြားသည်။      

မြန်​မာ့အလင်း

No comments:

Post a Comment