Latest News

Wednesday, May 23, 2018

ဘင်္ဂလားဒေ့ရှ် အစိုးရမှ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အစီရင်ခံစာ အား ပါယ်ချလိုက်ပြီ

ဘင်္ဂလားဒေ့ရှ် အစိုးရမှ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အစီရင်ခံစာ အား ပါယ်ချလိုက်ပြီ


နိုင်ငံတကာ လွတ်ငြိမ်းချမ်းသားခွင့် အဖွဲ့ကြီး AI (Amnesty International) မှ အသစ် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ တွင် ဂျီဟတ်ဒစ် လက်ခွဲ အာဆာမှ ဟိန္ဒူ ဘာသာဝင်များ အား သတ်ဖြတ်ခဲ့သည်ဟု ဖေါ်ပြထားခြင်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး မာမွတ် အလီ က ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပြီး ပါယ်ချလိုက်ပါတယ်။

"I do not think the ongoing discussion (over Rohingya repatriation) will be affected. It (AI's claim) is nothing logical. Nobody believes it,"

“AI ၏ အစီရင်ခံစာကြောင့် ရိုဟင်ဂျာများ ပြန်လည်ပို့ဆောင်ရေး လက်ရှိ ဆွေးနွေးပွဲများကို မည်သို့မျှ အကျိုးသက်ရောက်စေမှာ မဟုတ်ပဲ၊ AI ၏ ပြောဆိုချက်များသည် ဘာတခုမျှ  ယုတ္တိမတန်၍ မည်သူကမှ အယုံအကြည် ရှိကြမှာ မဟုတ်ပါဖူး”

AI ၏ အစီရင်ခံစာသည် အဘယ်အတွက်ကြောင့် အခုလို နောက်ကျမှ ထွက်ပေါ်လာရသနည်း ဆိုသည်ကိုလည်း မေးခွန်း ထုတ်လိုက်ပြီး ယင်းနောက်ကွယ်တွင် ရည်ရွယ်ချက် တခုရှိရမယ်လို့လည်း သံသယ မျိုးစေ့ကို ချပေးလိုက်ပြန်ပါတယ်။

တကမ္ဘာလုံးက ဘင်္ဂလားဒေ့ရှ် နဲ့အတူ ရပ်တည်နေပြီး မြန်မာအပေါ် ဖိအားများ တဖြေးဖြေး ပိုများလာနေသည့်အတွက် ရိုဟင်ဂျာများ ပြန်လည် စေလွှတ်ရေး အတွက် အခြေအနေများက ရွေ့လျားလာနေပြီ ဖြစ်တယ်လို့လည်း သတင်းထောက်များကို ပြောကြားသွားပါတယ်။

တချိန်လုံး အဆိုပါ အဖွဲ့၏ ပြောကြားချက်များ ကို ထောက်ခံလာပြီး ယခုလို အာဆာ ၏ လုပ်ရပ်များ ကို ဝေဖန်လာမှု အား  ဘင်္ဂလားဒေ့ရှ် မှ ငြင်းပါယ်လိုက်သည် မည်မျှ တရားကျစရာ ကောင်းလှပေသနည်း။ မည်သူ ကျောထောက်နောက်ခံ ပြုနေသည်လဲ ဆိုသည်မှာလည်း ထင်ရှားနေပါတယ်။ ယင်းသို့ ပြောလိုက်ခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ် အနေဖြင့် အာဆာ အား အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်း တခု အဖြစ် ကမ္ဘာက ရှု့မြင်မှာကို မလိုလားဘူးဆိုတာ ၀န်ခံလိုက်သလို ဖြစ်သွားခဲ့ပါတယ်။

ဤသည်ကလည်း ဘင်္ဂလားဒေ့ရှ်သည် ရွေးကောက်ပွဲနား နီးကပ်လာနေပြီ ဖြစ်၍ ပြည်တွင်းရှိ မူဆလင် အယူသီး ပါတီများရဲ့ အငြိုအငြင်ကို မည်သို့မျှ မခံနိုင်တဲ့ အနေအထား မှာ ရှိနေပါတယ်။

အာဆာ အဖွဲ့ကလည်း မြန်မာ အပေါ် အပြစ်ပုံချနိုင်ရန် ၎င်းတို့နှင့် အသွေးရောင် အသားရောင်တူ ဟိန္ဒူ ဘာသာဝင်များ အား အကြောင်းမရှိ အကြောင်းရှာပြီး တမင်သတ်ပြီး ထားခဲ့တာ ဖြစ်နိုင်ပါတယ်။

ယခုလို ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ မျက်ကလူး ဆန်ပြာ ဖြစ်သွားမှုကို့ မြန်မာ အနေနဲ့ အခွင့်ကောင်း ယူပြီး နောက်လအတွင်း ရောက်ရှိလာမယ့် ကုလ အတွင်းရေးမှုးချူပ်ရဲ့ အသစ် ခန့်အပ်လိုက်တဲ့ Christine Schraner Burgener ခရီးစဉ် အတွင်း အကျိုးရှိအောင် ပြုလုပ်နိုင်ကောင်းရဲ့ လို ထင်မြင်မိပါတယ်။

လှစိုး​ဝေ

ကိုးကား၊ ၊ Dhaka Tribune

No comments:

Post a Comment