ရန်ကုန် မေ ၂ဝ
လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ကာ ဒါရိုက်တာ ခင်စောမျိုးရိုက်ကူးသည့် ''မတစ်ထောင်တစ်ကောင်ဘွား'' ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံတွင် ပြသပြီး မေ ၂၅ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
''မတစ်ထောင်တစ်ကောင်ဘွား'' ရုပ်ရှင်သည် စာရေးဆရာ မင်းသိင်္ခ၏ အောင်မြင်သော ဝတ္ထုကိုပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပြီး အဆိုပါဇာတ်ကားတွင် အကယ်ဒမီ ကျော်ရဲအောင်၊ အောင်ရဲလင်း၊ အကယ်ဒမီခိုင်သင်းကြည်၊ သဉ္ဇာဝင့်ကျော်၊ ထွန်းလွင်အောင်နှင့် ဘေဘီမောင်တို့ ပါဝင်သရုပ်ဆောင်ထားသည်။
တစ်မျိုးတစ်ဖုံ ဆန်းသစ်
မတစ်ထောင်တစ်ကောင်ဘွား ရုပ်ရှင် ရိုက်ကူးသူ ဒါရိုက်တာ ခင်စောမျိုးက အဆိုပါ ဇာတ်ကားနှင့်ပတ်သက်၍ ''ဒီဇာတ်ကားမှာ အောင်ရဲလင်းကို ရွေးချယ်ရတာကတော့ တည်ငြိမ် တဲ့ မင်းသားကို ရှာရတာကြောင့်ပါ၊ ဒီဇာတ်ကား ကို ပရိသတ်က အားပေးမယ်လို့ မျှော်လင့်ပါ တယ်၊ လာရောက်အားပေးကြပါလို့ပဲ ပြောချင် ပါတယ်၊ အခြားအရာတွေ ဘေးဖယ်ပြီး နည်းနည်း လေး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်အောင် ပြသထားပါတယ်၊ 'မတစ်ထောင် တစ်ကောင် ဘွား'ကို ဦးညွန့်ဝင်းလည်း ရိုက်ခဲ့ဖူးသလို သီဟ တင်စိုးလည်း ရိုက်ခဲ့ဖူးပါတယ်၊ ကျွန်တော်က တော့ တစ်မျိုးတစ်ဖုံ ဆန်းသစ်တဲ့ မတစ်ထောင် တစ်ကောင်ဘွားပါ''ဟု ပြောသည်။
အမှန်တရားဘက်မှ ရပ်တည်၍
အဆိုပါရုပ်ရှင်ကားသည် ကိုလိုနီခေတ် မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ပုံဖော် ရိုက်ကူးခြင်းဖြစ်ပြီး အကျင့်ပျက်ခြစား လာဘ်ပေး လာဘ်ယူသူများ၊ မြန်မာပြည်သူများအပေါ် ဖိနှိပ် ဒုက္ခပေးသော အာဏာရအရာရှိဆိုး၊ အာဏာရ လူဆိုးများကို မတစ်ထောင်တစ်ကောင်ဘွား အမည်ခံလူငယ်က အမှန်တရားဘက်မှ ရပ်တည် ၍ လိုက်လံသတ်ဖြတ်ခြင်းဖြစ်သည်။
မတစ်ထောင်တစ်ကောင်ဘွားဇာတ်ကောင် အဖြစ် သရုပ်ဆောင်သူ အောင်ရဲလင်းက ''တစ်ကောင်ဘွားက အရင်ခေတ်ကတော့ ပဝါ စည်းတာပေါ့၊ ရိုက်ကွင်းထဲမှာလည်း ကျွန်တော် လုပ်ကြည့်ပါတယ်၊ ဒီဘက်ခေတ်နဲ့ကျတော့ နည်းနည်းရယ်စရာဖြစ်နေတယ်၊ ဒါကြောင့် မျက်နှာဖုံးကို အဓိကထား ရွေးချယ်ဖြစ်တာပါ၊ ဒီကားကို အကောင်းဆုံးဖြစ်အောင် ကြိုးစား ခဲ့တယ်၊ ကျွန်တော်တတ်နိုင်သလောက်၊ အစွမ်းရှိ သလောက် ရိုက်ကူးမယ်လို့ ပြင်ဆင်ပြီးတော့ ရိုက်တာပါ၊ ဇာတ်ရုပ်ကလည်း နှစ်မျိုးဖြစ်တော့ တစ်ဖက်ကပုံစံကို တစ်ဖက်မထိခိုက်အောင် ပြင်ဆင်ထားပါတယ်၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်၊ ကြည့်တဲ့ပရိသတ်တွေအနေ နဲ့လည်း ဒီကားလေးကို ကြည့်တဲ့အခါကြရင် အားလုံးသိကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည် ပါတယ်''ဟု ပြောသည်။
''မတစ်ထောင်တစ်ကောင်ဘွား'' ရုပ်ရှင် တွင် မိုးကောင်း တစ်ဖြစ်လည်း မတစ်ထောင် တစ်ကောင်ဘွားအဖြစ် အောင်ရဲလင်း၊ နတ်ဆေး အဖြစ် ကျော်ရဲအောင်၊ မသက်ဆွေအဖြစ် ခိုင်သင်း ကြည်၊ ဆားပုလင်းနှင်းမောင်အဖြစ် ထွန်းလွင် အောင်တို့က ပါဝင်သရုပ်ဆောင်ထားသည်။
ဆားပုလင်းနှင်းမောင်အဖြစ် သရုပ်ဆောင် ထားသူ ထွန်းလွင်အောင်က ''ဆားပုလင်း နှင်းမောင်အဖြစ်ရိုက်တာ ဗီဒီယိုကောရုပ်ရှင်ပါ ၁ဝ ကားကျော်ပါပြီ၊ ဇာတ်လမ်းဇာတ်ကွက်အနေနဲ့ ပီပီပြင်ပြင် မရဖူးပေမယ့် ဒီကားက အများ ဆုံးရတာ၊ အောင်ရဲလင်းကလည်း တော်တော် လေးလုပ်ထားပါတယ်၊ ဇာတ်ကို ပရိသတ်ကြိုက် တဲ့ ပုံဖြစ်အောင် ဇာတ်ကိုပြန်လှည့်ပါတယ်၊ ကျွန်တော်တို့မှာ အားနည်းချက်တော့ ရှိပါတယ်၊ ဆက်တင်လိုအပ်ချက်ကအစပေါ့၊ ပရိသတ်က အနုပညာကိုကြည့်ပြီး ချစ်တဲ့စိတ်နဲ့ အားပေးမယ် လို့ ထင်ပါတယ်၊ အောင်ရဲလင်းက မတစ်ထောင် တစ်ကောင်ဘွား ဇာတ်ကောင်ပေါ်မှာ စိတ်ကို နှစ်ထားတယ်၊ အတတ်နိုင်ဆုံး ဇာတ်ကောင်စရိုက် နဲ့ ညီအောင်လုပ်ထားတယ်လို့ ထင်ပါတယ်'' ဟု ပြောသည်။
မသက်ဆွေအဖြစ် သရုပ်ဆောင်သူ ခိုင်သင်း ကြည်က ''မတစ်ထောင်တစ်ကောင်ဘွားက အဓိက က အောင်ရဲလင်းတို့၊ ကိုနိုင်ကြီး (ကျော်ရဲ အောင်) တို့ဇာတ်ပါ၊ မခိုင်ကတော့ ဒီကားမှာ အများကြီးမပါပါဘူး၊ အောင်ရဲလင်းက ဒီကား မှာ သူနဲ့ တော်တော်လိုက်တယ်ပေါ့၊ ထွန်းလွင် အောင်ကလည်း ဆားပုလင်းဇာတ်ကောင်နဲ့ ရိုက်ဖူးပြီးသားမို့ ပြောစရာမလိုပါဘူး၊ ကိုယ့်ဇာတ် မဟုတ်ပေမယ့် ဆရာကြီးမင်းသိင်္ခဝတ္ထုကို ပြန်ရိုက် တဲ့ကားဆိုတော့ ကိုယ်လည်း ပါဝင်ချင်တယ်၊ နောက်အငယ်ဘဝ၊ အကြီးဘဝနှစ်ခုခွဲ လုပ်ရမယ် ဆိုတော့ အဲဒါလေးလည်း စိတ်ဝင်စားပြီး ကိုယ့်ရဲ့ အခန်းနည်းပေမယ့် ပါဝင်ဖြစ်တာပါ၊ ဇာတ်ကားက ဟာသကား မဟုတ်ပေမယ့် ဒရမ်မာလို အငြိမ် လည်း မဟုတ်ဘူး၊ ကြည့်တဲ့သူတွေ အဆင်ပြေ မှာပါ''ဟုပြောသည်။
မေလတတိယပတ်မှစတင်၍ ရုံတင်ပြသမည်
မေလတတိယပတ်မှစတင်၍ ရုံတင်ပြသ သွားမည့် ဇာတ်ကားများမှာ ငါ့ကိုနမ်းတဲ့မုန်တိုင်း၊ မတစ်ထောင်တစ်ကောင်ဘွား၊ မေတ္တာထားတာ အဟုတ်ကိုပဲ၊ ဖိုးရှိတ်နှင့် ဥပါဒါန်တို့ဖြစ်သည်။
မေတ္တာထားတာအဟုတ်ကိုပဲ
မေတ္တာထားတာအဟုတ်ကိုပဲ အဆင့်မြင့် ဆေးရောင်စုံ ရုပ်ရှင်ဇာတ်ကားကြီးကို ယနေ့ ည ၇ နာရီတွင် Junction City ရုပ်ရှင်ရုံ၌ ပွဲကြို ပြသသည်။
ပြည်သူများအတွက် အာဟာရရွှင်ဆေး တိုက်ကျွေးမည့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ဖြစ်သော မေတ္တာထားတာအဟုတ်ကိုပဲ အဆင့်မြင့် ဆေးရောင်စုံ ရုပ်ရှင်ဇာတ်ကားကြီးကို လာမည့် မေ ၂၅ ရက်တွင် ရန်ကုန်မြို့နှင့် နိုင်ငံတစ်ဝန်း ရုပ်ရှင်ရုံများ၌ စတင်ပြသခွင့်ရပြီဖြစ်ကြောင်း သိရသည်။
အနုပညာရှင်ပေါင်းများစွာပါဝင်
ထိုအဆင့်မြင့်ဆေးရောင်စုံ ရုပ်ရှင်ဇာတ်ကား ကြီးကို ဒါရိုက်တာ အကယ်ဒမီထွန်းအောင်ဇော် ရိုက်ကူးပုံဖော်ထားပြီး အကယ်ဒမီလူမင်း၊ ဖြိုးငွေစိုး၊ အောင်မင်းခန့်၊ ဖိုးသောကြာ၊ အကယ်ဒမီ ဗေလုဝ၊ အကယ်ဒမီမေသန်းနု၊ အကယ်ဒမီ ခိုင်သင်းကြည်၊ အကယ်ဒမီ မျိုးသ္တာထွန်း၊ အကယ်ဒမီ ချိုပြုံး၊ ဝင့်ယမုံလှိုင်၊ စိုးမိုးကြည်၊ ယမင်းမေဦး၊ ငှက်ပျောကြော်၊ ငြိမ်းချမ်း၊ ကြူကြူ သင်းနှင့် အနုပညာရှင်ပေါင်းများစွာ ပါဝင် ရိုက်ကူးထားသည်။
ယင်းဇာတ်ကားတွင် ယနေ့ခေတ်လူငယ်များ၏ လူနေမှု စရိုက်နှင့်အတူ အိမ်ထောင်တစ်ခုတွင် အိမ်ရှင်မတစ်ဦးက ဦးစီးနေရသော အိမ်ထောင်ရေးကို ပုံဖော်ရိုက်ကူးထားသလို
ပျော်ရွှင်ရယ်မောဖွယ်ရာများနှင့် ရသစုံပေါ်လွင်အောင် ရိုက်ကူး ထားသည့် ရုပ်ရှင်ကားကြီးတစ်ကားလည်းဖြစ်သည်။
ပန်းသခင်ရုပ်ရှင်ထုတ်လုပ်ရေးမှ တာဝန်ယူရိုက်ကူး
အဆိုပါရုပ်ရှင်ကားကြီးကို ပန်းသခင်ရုပ်ရှင်ထုတ်လုပ်ရေးမှ တာဝန်ယူရိုက်ကူးပြီး နုနုရီမှ စီစဉ်တင်ဆက်ထားခြင်းဖြစ် သည်။ ထိုရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသနိုင်ရန် ကာလရှည် စောင့်ဆိုင်းခဲ့ရကြောင်း၊ အလားတူ ရိုက်ပြီးရုပ်ရှင် ဇာတ်ကား အများအပြားလည်း ရုံတင်ပြသခွင့်ရရန် စောင့်ဆိုင်းနေကြရ ကြောင်း အဆိုပါရုပ်ရှင်ဇာတ်ကားကြီးအား ဖန်တီးပုံဖော်ရိုက်ကူး သော ဒါရိုက်တာ အကယ်ဒမီ ထွန်းအောင်ဇော်က ပြောကြား ခဲ့သည်။
သတင်း- ညွန့်ကိုကို၊ မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ-ရဲထွဋ်၊ မင်းထက်
No comments:
Post a Comment