Latest News

Sunday, May 27, 2018

နေပြည်တော်-ပြည် အဆန်ရထား စက်ခေါင်းတွဲချော်မှုဖြစ်

နေပြည်တော်-ပြည် အဆန်ရထား စက်ခေါင်းတွဲချော်မှုဖြစ်

နေပြည်တော်  မေ  ၂၇

နေပြည်တော်မှ ပြည်သို့ မောင်းနှင်လာသည့် စက်ခေါင်းအမှတ် (RBE-5050) အမှတ် (၁၀၉) အတွဲ (၂)တွဲပါ အဆန်ရထားသည် ခရီးသည် ကျား(၂၃)၊ မ (၂၇)၊ ပေါင်း (၅၀) ဦးတို့ တင်ဆာင်လာပြီး နေပြည်တော်မှ ပြည်သို့ မောင်းနှင်လာရာ မေ  ၂၇ ရက် ၁၂း၄၀ အချိန် ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာအုပ်စု ကိုးပင်နယ်မြေရဲစခန်းတောင်ဘက် ရထားလမ်းမိုင်တိုင် (၂၂၇/၇)နှင့် (၂၂၈/၀)ကြားတွင် ရထားစက်ခေါင်းရှေ့ဘီးချော်၍ လမ်းဝဲဘက်ခြမ်းသို့ တိမ်းစောင်းသွားခဲ့သည်။ အဆိုပါ ရထားတွဲချော်ကျမှုကြောင့် ရထားဝန်ထမ်းများနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာမရရှိကြောင်းနှင့် အထက်ပါ ရထားတွဲတွင် လိုက်ပါလာသည့် ခရီးသည်များအား ၄င်းသို့သွားရောက်လိုသည့် ခရီးစဉ်အတိုင်း သွားရောက်နိုင်ရေးအတွက် ရထားဝန်ထမ်းများမှ FAW  ကားနှစ်စီးဖြင့် ကားဂိတ်သို့ လိုက်လံပို့ဆောင်စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရထားတွဲချော်မှုအား ပြန်လည်ပြုပြင်ဆောင်ရွက်ရန် ရထားဝန်ထမ်းများမှ စက်မှုဌာန(နေပြည်တော်ရုံးချုပ်)သို့ တင်ပြဆောင်ရွက်ခဲ့ရာ ရန်ကုန်ဘူတာ(သို့မဟုတ်) တောင်တွင်းကြီးဘူတာမှ ရထားတွဲပြင်အဖွဲ့အား ကရိန်းဖြင့် ရထားသံလမ်းမပေါ်သို့ ပြန်လည်မတင်ဆောင်ရွက်ရန် စေလွှတ်သွားမည်ဖြစ်ပြီး ရထားလမ်းပျက်စီးမှုအား ကိုးပင်ဘူတာမှ အငယ်တန်း အင်/ယာ-၁ ဦးတင်ဆွေဦး ပါ(၁၀)ဦး ပြည်ရထားရဲတပ်ဖွဲ့စခန်းမှ ဒု-တက ၀င်းဇော်ပါ သုံးဦး ကိုးပင်နယ်မြေရဲစခန်းမှ ရဲအုပ် မျိုးညွန့်ဦးစီးသော ခုနစ်ဦးတို့မှ ရထားတွဲပြန်လည်ထွက်ခွာနိုင်ရေးနှင့် လုံခြုံရေးဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

မြန်​မာ့အလင်း၊မိုးကိုကို-အောင်လံ

No comments:

Post a Comment