Latest News

Sunday, May 27, 2018

မလိုင်မြို့နယ်၌တတိယတန်းကျောင်းသူ တစ်ဦးရေနစ်သေဆုံးမှုဖြစ်

မလိုင်မြို့နယ်၌တတိယတန်းကျောင်းသူ တစ်ဦးရေနစ်သေဆုံးမှုဖြစ်

မလိုင်      မေ  ၂၇

မလိုင်မြို့နယ်ဆည်တိုနယ်မြေရဲကင်းစခန်းနယ်မြေတွင်မေ ၂၆ ရက်ညနေ(၆)နာရီ အချိန်ခန်တွင်တတိယတန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံးသွားကြောင်းအဆိုပါရဲစခန်းမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်မှာ ဆည်တိုနယ်မြေရဲကင်းစခန်းမူးရဲအုပ် လှမြင့်သည်စခန်းမူးတာဝန်ဆောင်ရွက်နေစဉ်မလိုင်မြို.နယ်ကံရွာကျေးရွာနေ ရွာခွဲတာဝန်ခံ ဦးမြင့်ရွှေ မှ၎င်းတို့ကျေးရွာ၏မြောက်ဘက်ရှိ အများသုံးရေကန်တွင်ကလေးတစ်ဦးရေနစ်သေဆုံးနေကြောင်း
အကြောင်းကြားသဖြင့်ဆည်တိုနယ်မြေရဲကင်းစခန်းမှူး ရဲအုပ်လှမြင့်နှင့် တပ်ဖွဲ.ဝင်များ ကျပ်ဆည်အုပ်စုအုပ်ချုပ်ရေးမှူးတို.ပါဝင်သော သက်သေများနှင့် အတူသွားရောက်ကြည့်ရူစစ်ဆေးရာ(သေဆုံးသူ) သည်ကံရွာနေ မသီတာနိုင်(၈)နှစ် ဘ/ဦး.. တတိယတန်းကျောင်းသူ သည်။

အဆိုပါရေကန်၌ရေဆင်းဆော့ရာမှရေနစ်သေဆုံးကြောင်းသိရှိရသဖြင့်အလောင်းအားဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်သိရှိနိုင်ရန် ဆည်တိုတိုက်နယ်ဆေးရုံသို.ရဲဆေးစာနှင့်အတူပို.ဆောင် ၍ ဆည်တိုနယ်မြေရဲကင်းစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၂/၂ဝ၁၈ ဖြင့်အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်းရဲမှတ်တမ်းများအရသိရသည်။

မြန်​မာ့အလင်း၊ကျော်ကျော်(မလိုင်)

No comments:

Post a Comment