Latest News

Wednesday, May 30, 2018

ရန်ကုန်ဈေးကွက်၌ ဝယ်လက် မရှိသောကြောင့် ကြက်သွန်ရှယ်စများ ဈေးနှုန်း အနိမ့်ဆုံး ဖြစ်နေ

ရန်ကုန်ဈေးကွက်၌ ဝယ်လက် မရှိသောကြောင့် ကြက်သွန်ရှယ်စများ ဈေးနှုန်း အနိမ့်ဆုံး ဖြစ်နေ

ရန်ကုန် မေ ၂၉

ရန်ကုန်ဈေးကွက်၌ ကြက်သွန်ရှယ်စများ ဝယ်လက် မရှိသောကြောင့် တခြားအရွယ်အစားများအောက် ဈေးနှုန်းအနိမ့်ဆုံးသို့ ရောက်ရှိနေကြောင်း မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင်သီးနှံ စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးခင်ဟန်ထံမှ သိရသည်။

ယနေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နယ်စုံမှ ကြက်သွန်ကားစီးရေ ၂၇ စီးဝင်ရောက်ပြီး ဈေးနှုန်းများမှာ ရှယ်စတစ်ပိဿာလျှင် ငွေကျပ် ၄ဝဝ ဖြင့် အနိမ့်ဆုံးဖြစ်နေပြီး လတ်စ တစ်ပိဿာလျှင် ငွေကျပ် ၅၅ဝ နှင့် အသေးဆုံးငွေကျပ် ၅ဝဝ ဈေးနှုန်းရှိနေကြောင်း သိရသည်။

ထို့ပြင် ကြက်သွန်ဈေးကွက်အတွင်း၌ အရောင်းအဝယ် ပါးလျက်ရှိရာ ဝင်ရောက်လာသည့် ယာဉ်စီးရေများမှ ဈေးဆက်လက် လျှော့ရောင်းချမှသာ အရောင်းအဝယ် ဖြစ်နိုင် မည်ဖြစ်သည်။

ထိုသို့ ကြက်သွန် ဈေးနှုန်းကျ ဆင်းခြင်းကြောင့် ကြက်သွန်စိုက် တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။

 ''နယ်မှာလည်း ကုန်တွေက ဒီရက်ပိုင်းပိုဝင်လာတယ်။အရင်ရက်တွေထက်စာရင် ငွေကျပ် ၅ဝ လောက်ကျပါ တယ်။နယ်တွေမှာ တစ်ပိဿာကို ငွေကျပ် ၅ဝဝ လောက်အထိ ရှိနေသေးတော့ ရန်ကုန်ထက်တောင် မြင့်ချင် ပါသေးတယ်။ ဈေးက နောက်တစ်ပတ်အထိ အကျပဲရှိနိုင်ပါတယ်''ဟု ဦးခင်ဟန်က ပြောသည်။

''ဒီနှစ်ကြက် သွန်အထွက်နှုန်းက မဆိုးပါဘူး။ ဈေးနှုန်းကတော့ ဒီနှစ်အတွက်က ရှုံးတယ်''ဟု ပခုက္ကူမြို့နယ်မှ ကြက်သွန် စိုက်တောင်သူ ဦးအုန်းကြူက ပြောသည်။ မိုးကြက်သွန်များကို ဇူလိုင်နှင့် သြဂုတ်လတို့တွင် စိုက်ပျိုးလေ့ရှိပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ဈေးကွက် အတွင်းသို့ ရောင်းချလေ့ရှိကာ ဆောင်းကြက်သွန်များကို နိုဝင် ဘာနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ထွက်ရှိသော်လည်း ယခုနှစ်တွင် အထွက်နောက်ကျသည့်အတွက် ဧပြီလအတွင်း ထွက်ရှိကြောင်း သိရ သည်။

MWD

No comments:

Post a Comment