Latest News

Wednesday, May 30, 2018

ဥရောပအကောင်းဆုံးအသင်းအဖြစ် ရပ်တည်ခဲ့တဲ့ ဘာစီလိုနာ

ဥရောပအကောင်းဆုံးအသင်းအဖြစ်  ရပ်တည်ခဲ့တဲ့  ဘာစီလိုနာ

ဥရောပကလပ်ညွှန်းကိန်းအရ စပိန်ပြည်တွင်းဖလားနှစ်လုံးဆွတ်ခူးခဲ့တဲ့ ဘာစီလိုနာက  ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်ဆက် ဆွတ်ခူးခဲ့တဲ့ ရီးယဲလ်ကို နောက်ကောက်ချပြီး ဥရောပရဲ့ အကောင်းဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ တာကိုတွေ့ရပါတယ်။ ဂရေ့စ်နှုတ်စ်ဆိုတဲ့ ကုမ္ပဏီက အဝေးကွင်း၊ အိမ်ကွင်းရလဒ်၊ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာ ရပ်တည်နိုင်မှုစတဲ့သတင်းအချက်အလက်တွေကို စုစည်းပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီအစီရင်ခံစာဟာ ရီးယဲလ် ချန်ပီယံလိဂ်မှာ သုံးကြိမ်ဆက် ချန်ပီယံဖြစ်ပြီးမှ ထွက်လာခဲ့တာဖြစ်ပေမယ့် မနှစ်က အဆင့်(၁)နေရာကို ရယူနိုင်ခဲ့တဲ့ ရီးယဲလ်က ဒီနှစ်မှာတော့ မဟာပြိုင်ဘက် ဘာစီလိုနာစံအဆင့်(၁)နေရာကိုလွှဲပေးလိုက်ရတာဖြစ်ပါတယ်။ အဆင့်(၁)နေရာကို ဘာစီလိုနာက ရယူထားပြီး  ရီးယဲလ်က အဆင့်(၂)၊ အဆင့်(၃)နေရာမှာ ဘိုင်ယန်မြူးနစ်၊  အဆင့်(၄)နေရာကို ဂျူဗင်တပ်၊ ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီးက အဆင့်(၅)နေရာတွေမှာ အသီးသီး ရပ်တည်နေတာကို တွေ့ရပါတယ်။

မန်စီးတီးပြီးရင် စပါးက အဆင့်(၉)နဲ့ ပရီမီယာလိဂ်အသင်းတွေထဲမှာ ဒုတိယနေရာမှာ ရှိနေပြီး မန်ယူ၊ လီဗာပူးနဲ့ ချယ်လ်ဆီးတို့က အဆင့် (၁ဝ) (၁၁)နဲ့ (၁၂)နေရာတွေမှာ အစဉ်လိုက်ရပ်တည်နေပါတယ်။ ထိပ်ဆုံး ၁ဝ သင်းစာရင်းနေရာမှာ လာလီဂါကလပ်အသင်းသုံးသင်း၊ ပရီမီယာလိဂ်အသင်းသုံးသင်း၊ စီးရီးအေနှစ်သင်း၊ ဘွန်ဒက်စ်လီဂါတစ်သင်း၊  လီဂူး-၁ တစ်သင်းတို့ ပါဝင်နေတာကို တွေ့ရပါတယ်။

Mirror

No comments:

Post a Comment