Latest News

Wednesday, May 9, 2018

ထိုင်းနိုင်ငံသို့ လူကုန်ကူးခြင်းခံရသူ မြန်မာနိုင်ငံသား အမျိုးသားရှစ်ဦးအား ပြန်လည်လွှဲပြောင်း

ထိုင်းနိုင်ငံသို့ လူကုန်ကူးခြင်းခံရသူ မြန်မာနိုင်ငံသား အမျိုးသားရှစ်ဦးအား ပြန်လည်လွှဲပြောင်း

နေပြည်တော်   မေ     ၉

ထိုင်းနိုင်ငံသို့   လူကုန်ကူးခြင်းခံရသူ                      မြန်မာနိုင်ငံသား အမျိုးသားရှစ်ဦးအား မြန်မာနိုင်ငံ  လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်    ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့်  ထိုင်းနိုင်ငံ  လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့်လူထု လုံခြုံရေးဝန်ကြီး ဌာနတို့၏   ပူးပေါင်းဆောင်ရွက်မှုဖြင့်               မေ  ၉ ရက်တွင်  မြဝတီမြို့   ယာယီ                 လက်ခံစောင့်ရှောက်ရေးဂေဟာ၌ ထိုင်း နိုင်ငံမှ  မြန်မာနိုင်ငံသို့    ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

လူကုန်ကူးခံရသာ    အမျိုးသား ရှစ်ဦးအား    ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ပြန်လည်လွှဲပြောင်းလက်ခံ ခဲ့ပြီး   ၄င်းတို့အား    ယာယီလက်ခံ         စောင့်ရှောက်နိုင်ရန်     လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ    လူငယ် သင်တန်းကျောင်း   မော်လမြိုင်မြို့သို့  ပို့ဆောင်ခဲ့ပြီး   ယာယီလက်ခံစောင့် ရှောက် စဉ်         အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊  ခရီးသွားထောက်ခံ စာများပြုလုပ်ပေးခြင်းနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  လိုအပ် သည့်စုံစမ်းမေးမြန်းခြင်းတို့ ဆောင်ရွက် ပြီး   မိဘနေရပ်သို့   IOM (Myanmar)၏  ပံ့ပိုးကူညီမှုဖြင့်  ပြန်လည်ပို့ဆောင်  မည် ဖြစ်သည်။

လူကုန်ကူးခံရသူ    အမျိုးသား ရှစ်ဦးအား    ပြန်လည်ထူထောင်ရေး အထောက်အပံ့များ   ဆောင်ရွက်ပေး နိုင်ရန် နောက်ဆက်တွဲ     စောင့်ရှောက် ခြင်း၊ ၄င်းတို့၏      လိုအပ်ချက်များနှင့် အညီ    နေ့စဉ် ပုံမှန်ဝင်ငွေရရှိနိုင်ရန်   ပြန်လည် ထူထောင်ရေးထောက်ပံ့မှု    များ   ပံ့ပိုးကူညီပေးခြင်းတို့ကို ပြန်လည် ထူထောင်ရေးဦးစီးဌာနနှင့်   IOM (Myanmar)တို့  ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရ သည်။                      

သတင်းစဉ်

No comments:

Post a Comment