Latest News

Wednesday, May 9, 2018

သီပေါမြို့ နယ်အတွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ က နွားတင်ယာဉ်အား ပစ်ခတ်

သီပေါမြို့ နယ်အတွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ က နွားတင်ယာဉ်အား ပစ်ခတ်

မူဆယ်   မေ     ၉

ရှမ်းပြည်နယ်မြောက်ပိုင်း  သီပေါမြို့  ရေပူကြံခင်းရွာ မောင်ဖုန်းတောင်အတက်၌        မေ ၈ ရက် မွန်းတည့်  ၁၂ နာရီခန့်က  နွားများတင်ဆောင်လာသော မော်တော်    ယာဉ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၈ ရက် မွန်းလွဲ  ၁ နာရီခန့်တွင်  ပျော်ဘွယ်မြို့ သန်းတစ်ရာခြံမှ ပို့ကုန်တင်ပို့ရန် နွားအကောင် ၁ဝဝ တင်ဆောင်ထွက်ခွာလာသော ၁၂ ဘီးယာဉ်လေးစီး နှင့် ခြောက်ဘီး ယာဉ်တစ်စီးတို့မှာ မွန်းတည့် ၁၂ နာရီခန့်တွင် သီပေါမြို့ ရေပူကြံခင်းရွာ မောင်ဖုန်းတောင်အတက်၌  အဆိုပါယာဉ်တန်းမှ  တတိယမြောက်ရှိ  ၁၂ ဘီးယာဉ်နှင့် စတုတ္ထမြောက် ခြောက်ဘီးယာဉ်တို့မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ပစ်ခတ်ခြင်းခံခဲ့ရ ကြောင်း သိရသည်။

ပစ်ခတ်ခံခဲ့ရသော(၁၂)ဘီး ယာဉ်အမှတ် 2E/... ပေါ်ရှိ ယာဉ်မောင်းမှာ ရင်ဘတ် တည့်တည့်သို့  ထိမှန်သွားပြီး အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်းနှင့်              နွားထိန်းကျောင်းသူမှာ ဘယ်ဘက်လက်မောင်းဆုံထိမှန်သွားခဲ့သဖြင့် လားရှိုးဆေးရုံ သို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း၊ ပစ်ခတ်ခံရသည့် ယာဉ်အမှတ် 9H/...  မှာ ရှေ့ရေတိုင်ကီ  ထိမှန်သွားပြီး ဒရိုင်ဘာ၊ ညာဘက်ခြမ်းတံခါးအား ထုတ်ချင်းပေါက် နှစ်ချက်ထိမှန်ခဲ့ကြောင်းနှင့် ရှေ့လေကာမှန်များ ကွဲကြေပျက်စီးသွားခဲ့ကြောင်း၊  ၁၂ ဘီးယာဉ် ယာဉ်မောင်းမှာ ကျည်ထိမှန်ခဲ့သောကြောင့် အရှိန်မထိန်းနိုင်ခဲ့ဘဲ ရှေ့ရှိ                   မန်ကျည်းပင်ကို ဝင်ရောက်တိုက်မိကာ ရပ်တန့်သွားခဲ့ကြောင်းနှင့် ခြောက်ဘီးယာဉ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ကျည်ထိမှန်ခြင်းမရှိခဲ့ကြောင်း သိရသည်။

သန့်ဇင်(မူဆယ်)

No comments:

Post a Comment