Latest News

Wednesday, May 9, 2018

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံ ဆွေးနွေး

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံ ဆွေးနွေး

ပေကျင်း မေ ၈

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ထိပ်သီးဆွေးနွေးပွဲ မကျင်းပမီ တရုတ်နိုင်ငံသို့ ကြိုတင်ကြေညာထားခြင်းမရှိဘဲ သွားရောက် လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံအရှေ့ မြောက်ပိုင်း၌ မေ ၈ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံကြောင်း သိရသည်။ ကင်ဂျုံအွန်နှင့် ရှီကျင့်ဖျင်တို့သည် ဒါလျန်မြို့တော်အရှေ့မြောက်ပိုင်းရှိ ပင်လယ်ကမ်းခြေတွင် အပန်းဖြေလမ်း လျှောက်ပြီး ဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာန တစ်ခုဖြစ်သော CCTV သတင်းဌာနက ထုတ်လွှင့်ပြသသည်။

ထို့အတူ ၎င်းတို့နှစ်ဦးသည်မေ ၇ ရက်နှင့် ၈ ရက်တို့တွင် တွေ့ဆုံခြင်းဖြစ်ကြောင်း Xinhua သတင်းဌာနက ဖော်ပြ သည်။ မြောက်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များ အသုံးပြုလေ့ရှိသော လေယာဉ်တစ်စင်းသည် မေ ၈ ရက်တွင် တရုတ်နိုင်ငံမှ ထွက်ခွာသွားသည်ကိုတွေ့ရကြောင်း၊ သို့ဖြစ်၍ ကင်ဂျုံအွန်သည် တရုတ်နိုင်ငံသို့ လျှို့ဝှက်ခရီးသွားခဲ့သည်ဟု ထင်မြင်ချက်များ ထွက်ပေါ်လာကြောင်း ဂျပန်သတင်းဌာန တစ်ခုက အစောပိုင်း တွင်ဖော်ပြထားသည်။

ဒါလျန်ဆိပ် ကမ်းမြို့တော် အရှေ့မြောက်ပိုင်းမှ လေယာဉ်နှစ်စင်း ပျံသန်းထွက်ခွာလာ သည့်ပုံရိပ်များကို NHK ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ပြသသည်။ ၎င်းလေယာဉ်များအနက် တစ်စင်း မှာ မြောက်ကိုရီးယား လေကြောင်းလိုင်းဖြစ်သော ကော်ရိုလေကြောင်းလိုင်းမှဖြစ်ပြီး တစ်စင်းမှာ မြောက်ကိုရီးယား အရာရှိကြီးများ အသုံးပြုသော လေယာဉ်ဖြစ်ကြောင်း သိရ သည်။ အဆိုပါတရုတ်ခရီးစဉ်သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ နောက်ဆုံး သံတမန်ခရီးစဉ်ဖြစ်သည်။

ကင်ဂျုံအွန်သည် ပြီးခဲ့သည့်လတွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နှင့် တွေ့ဆုံဆွေးနွေးပြီး လာမည့် ဇွန်လတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမိုင်းဝင် ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။ ကင်ဂျုံအွန်သည် မတ်လတွင် ပေကျင်း မြို့သို့ ရထားဖြင့် သွားရောက်ပြီး ၂ဝ၁၁ ခုနှစ်တွင် အာဏာလွှဲပြောင်း ရယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

MWD

No comments:

Post a Comment