ရန်ကုန် မေ ၂၄
One Championship ပြိုင်ပွဲ၏ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်မည့် ကစား သမားအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး မူလစီစဉ်ထားသည့် ဘရာဇီးနိုင်ငံသား လီအန်ဒရိုအစား ဂျပန်နိုင်ငံမှ ကန်ဟာစီဂါဝါနှင့် ပြောင်းလဲယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
လီအန်ဒရိုသည် အောင်လအန်ဆန်နှင့် ပွဲစဉ်အတွက် လေ့ကျင့်နေစဉ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ ပြန်လည်သက်သာနိုင်ခြေ မရှိသောကြောင့် ပြိုင်ဘက်ကို ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''လီအန်ဒရိုက ဒဏ်ရာရသွားတာကြောင့် ယှဉ်ပြိုင်ရမယ့်သူ ပြောင်းလဲသွားတယ်လို့ သိရပါတယ်။ ကျွန်တော် က ချန်ပီယံတစ်ယောက်အနေနဲ့ လာရောက်ယှဉ်ပြိုင်သူ အားလုံးကို အလဲထိုးအနိုင်ယူပြီး ချန်ပီယံဆုကို ကာကွယ်မှာပါ'' ဟု အောင်လအန်ဆန်က ပြောသည်။
အဆိုပါပြိုင်ပွဲကို ONE SPIRIT OF A WARRIOR ဟု အမည်ပေးထားပြီး ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အသက် ၃၃ နှစ်ရှိပြီ ဖြစ်သည့် အောင်လအန်ဆန်သည် မြန်မာ့သမိုင်း တစ်လျှောက်တွင် အောင်မြင်မှု အရှိဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ၎င်း၏နာမည်ကျော် ချုပ်ကွက်ပညာ ကျွမ်းကျင်မှုကြောင့် မြန်မာ့စပါးအုံးအဖြစ် တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။
MWD
No comments:
Post a Comment