မော်စကို မေ ၂၄
၂ဝ၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲ၏ တရားဝင်သီချင်းကို ကမ္ဘာကျော် အမေရိကန် ဟောလိဝုဒ်မင်းသား၊ ဂရမ်မီ ဆုရှင်၊ ရက်ပ်အဆိုတော်၊ တေးရေးဆရာ ဝီလ်စမစ်က ဦးဆောင်သီဆိုမည်ဖြစ်ကြောင်း ဖီဖာမှ အတည်ပြု ကြေညာခဲ့သည်။
ဝီလ်စမစ်နှင့်အတူ အမေရိကန် အဆိုတော် နစ်ကီဂျမ်၊ ကိုဆိုဗိုဂီတပညာရှင် အစ္စထရီဖီ တို့က ကမ္ဘာ့ ဖလားဗိုလ်လုပွဲကစားမည့် ဇူလိုင် ၁၅ ရက်တွင် ပိတ်ပွဲအခမ်းအနား၌ သီဆိုမည်ဖြစ်သည်။
အဆိုပါသီချင်းကို အမေရိကန် DJ ဒိုင်ပလိုက ရေးစပ်ထားပြီး ဆိုနီမှထုတ်လုပ်ကာ မေ ၂၅ ရက်တွင်တရားဝင် စတင်ဖြန့်ချိမည်ဖြစ်ပြီး တရားဝင် Music Video ကို ဇွန် ၇ ရက်တွင် ထုတ်ဝေမည်ဟု ဖီဖာက အတည်ပြု ကြေညာခဲ့သည်။
ဝီလ်စမစ်က ''ကမ္ဘာ့ဖလားလို ခမ်းနားလွန်းတဲ့ပွဲကြီးမှာ သီဆိုဖျော်ဖြေခွင့်ရလို့ ဂုဏ်ယူ ဝမ်းမြောက်မိတယ်။ လုဇ်နီကီကွင်းကြီးမှာ ဒီသီချင်းနဲ့ ပိတ်ပွဲအခမ်းအနားလုပ်ရင် တစ်ကမ္ဘာလုံး ထကတာမျိုး အလိုရှိပါတယ်''ဟု ပြောသည်။ ကမ္ဘာ့ဖလား တရားဝင်သီချင်း၏ ပထမဆုံးသီချင်ြး ဖစ်သော ကမ္ဘာ့ဖလားဝီလီသီချင်းကို ၁၉၆၆ အင်္ဂလန် ကမ္ဘာ့ဖလားတွင် အင်္ဂလန်အဆိုတော် လွန်နီဒိုနီဂန်က သီဆိုခဲ့သည်။
MWD
No comments:
Post a Comment