Latest News

Saturday, May 26, 2018

မြန်မာအသင်းနှင့် တရုတ်အသင်း ယနေ့ကစားမည်

မြန်မာအသင်းနှင့် တရုတ်အသင်း ယနေ့ကစားမည်

မြန်မာ့လက်ရွေးစင်အသင်းနှင့် တရုတ် လက်ရွေးစင်အသင်း၏ ခြေစမ်းပွဲကို မေ ၂၆ ရက် (ယနေ့) မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၅ မိနစ်တွင် နန်ကျင်းမြို့၌ ကျင်းပ မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း   အနေ ဖြင့် နိုင်ငံတကာပြိုင်ပွဲများ  ဆက်တိုက် ယှဉ်ပြိုင်ခြင်း၊   က္ဘာ့ဘောလုံး  အသိုင်း အဝိုင်းနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ခြင်း၊ အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ်      လိဒ် ယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲကစား နိုင်ခဲ့ခြင်းတို့ကြောင့်      အာရှဘောလုံး အင်အားကြီး တရုတ်အသင်းနှင့် ခြေစမ်းပွဲ ကစားခွင့်ရလာခြင်းဖြစ်သည်။     အာရှ ဘောလုံး     အင်အားကြီးအသင်းများ၊ ဥရောပ၊ တောင်အမေရိကအသင်းတို့နှင့် ခြေစမ်းပွဲကစားနေသည့်             တရုတ်  လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် မြန်မာအသင်းနှင့်   ခြေစမ်းပွဲကစားရန် ကမ်းလှမ်းလာခြင်းမှာ လွန်စွာအကျိုးရှိ သလို အတွေ့အကြုံကောင်းများစွာ ရရှိ မည့်ပွဲလည်းဖြစ်သည်။ တရုတ်လက်ရွေး စင်အသင်းကို      နာမည်ကျော်နည်းပြ အီတလီလူမျိုး     မာဆယ်လိုလစ်ပီက ကိုင်တွယ်နေပြီး    ၂ဝဝ၆     က္ဘာ့ဖလား ပြိုင်ပွဲတွင် အီတလီအသင်းကို ချန်ပီယံ ဆုရအောင်     စွမ်းဆောင်ပေးခဲ့သည့် နည်းပြလည်းဖြစ်သည်။ တရုတ်လက်ရွေး စင်အသင်းသည်    မြန်မာအသင်းနှင့် ခြေစမ်းပြီးပါက     ထိုင်းလက်ရွေးစင် အသင်းနှင့် ထပ်မံခြေစမ်းမည်ဖြစ်သည်။ ယခုခြေစမ်းပွဲမှာ    မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်သစ်   အန်တွမ်နီဟေး အတွက် ပထမဆုံးပွဲဖြစ်ပြီး ကစားသမား အပြောင်းအလဲ၊   အသင်းခေါင်းဆောင် အပြောင်းအလဲအပါအဝင်    နည်းပြသစ် လက်ထက်တွင် မြန်မာအသင်း ဘယ်လို ပုံစံဖြင့်  ပွဲထွက်လာမလဲဆိုတာ စိတ်ဝင် စားစရာကောင်းနေသည်။       မြန်မာ့ လက်ရွေးစင်အသင်းသည် တရုတ်အသင်း နှင့် ခြေစမ်းပွဲအတွက်သာ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ကစားသမား ၂ဝ ဖြင့် ယှဉ်ပြိုင် မည်ဖြစ်သည်။ လက်ရှိဖွဲ့စည်းထားသည့် မြန်မာ့လက်ရွေးစင်အသင်းတွင်   ဝါရင့် ကစားသမားအနည်းငယ်ကို အမာခံထား ကာ လူငယ်ကစားသမား အများစုပါဝင် လာသည်။   ထို့ပြင်   မျက်နှာသစ်ကစား သမားအချို့ကိုလည်း ရွေးချယ်ထားသော် လည်း အဓိကတိုက်စစ်မှူး အောင်သူမှာ မူ ထိုင်းလိဂ်ပြိုင်ပွဲနှင့် တိုက်ဆိုင်နေသော ကြောင့် ပါဝင်ကစားနိုင်မည်ဟုတ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် တရုတ်လက်ရွေးစင်အသင်းနှင့် ၂ဝဝ၇ ခုနှစ်နောက်ပိုင်း တစ်ကျော့ပြန်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး    ခြေစမ်းပွဲအဖြစ်    ၂ဝဝ၄ ခုနှစ်က နောက်ဆုံးကစားခဲ့ဖူးကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်း သည် ယခုလအတွင်း နိုင်ငံတကာခြေစမ်း ပွဲ နှစ်ပွဲဆက် ကစားခြင်းဖြစ်ပြီး မေ ၁၁ ရက်က    မန္တလေးမြို့၌   ယှဉ်ပြိုင်ကစား သည့်ပွဲတွင် လိဒ်ယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment