ရန်ကုန် မေ ၂၁
မြန်မာ့လက်ရွေးစင်အသင်းသည် တရုတ်လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် ယနေ့ည ၆ နာရီမှ စ၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ ပြည်တွင်းလိဂ် ပြိုင်ပွဲဖြစ်သည့် MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၂) မှာ မေ ၂ဝ ရက်တွင် ပြီးဆုံးခဲ့သောကြောင့် မြန်မာ့လက်ရွေးစင်အသင်းသည် ညနေပိုင်းမှ လေ့ကျင့်မှု စတင်ပြု လုပ်နိုင်ခြင်းဖြစ်သည်။
မြန်မာ့ လက်ရွေးစင်အသင်းကို ကစားသမား ၂၂ ဦးဖြင့် ဖွဲ့စည်းထားပြီး ယခင် ရွေးချယ်ထားသည့် ကစားသမား များအနက် ဘယ်နောက်ခံလူ နန္ဒကျော် (မကွေး)မှာ ဒဏ်ရာ ပြဿနာကြောင့် အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ပြီး မြန်မာ အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် မြန်မာ ယူ-၂၁ အသင်းနောက်ခံလူ စိုးမိုးကျော် (အားကစားနှင့် ကာယ ပညာသိပ္ပံ)ကို အစားထိုးရွေးချယ်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် တရုတ်အသင်းနှင့် ခြေစမ်းပွဲ အတွက် ရန်ကုန်မြို့၌ သုံးရက်၊ တရုတ်နိုင်ငံ၌ တစ်ရက်သာ လေ့ကျင့် ပြင်ဆင်ချိန် ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းမှ တရုတ်ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့ လက်ရွေးစင် အသင်းနှင့် လိဒ်ယူနိုက်တက် အသင်း ခြေစမ်းပွဲပြီးမှ ခြေစမ်းပွဲကစားရန် ကမ်းလှမ်းခဲ့သောကြောင့် မြန်မာ့လက်ရွေးစင် အသင်းသည် ယင်းခြေ စမ်းပွဲ အတွက် ပြင်ဆင်ချိန် နည်းပါး ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီ ဟေးသည် မြန်မာ ယူ-၂၃ အသင်း ယှဉ်ပြိုင်မည့် အာရှ အားကစားပြိုင်ပွဲအတွက် ဦးစွာပြင်ဆင်ရမည် ဖြစ်သော ကြောင့် တရုတ်အသင်းနှင့် ခြေစမ်းပွဲ ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းကို ဖွဲ့စည်းရာတွင် လူငယ် ကစား သမားများကို ဦးစားပေး ရွေးချယ်ခဲ့သည်။
တရုတ်လက်ရွေးစင် အသင်းနှင့် ယှဉ်ပြိုင် ကစားမည့် မြန်မာ့ လက်ရွေးစင်အသင်းတွင် အုပ်ချုပ်သူ- ဦးဘုန်းနိုင် ဇော်၊ နည်းပြချုပ်- အန်တွမ်နီဟေး၊ လက်ထောက်နည်းပြများ အဖြစ်-ဟာလက်၊ ဦးစိုးမြတ်မင်း၊ ဂိုးနည်းပြ- ကာစတန်၊ အသင်း အတွင်းရေးမှူး - ဦးမိုးဝေအောင်၊ ဂိုး-ကျော်ဇင်ထက် (ရန်ကုန်)၊ ကျော်ဇင်ဖြိုး(မကွေး)၊ နောက်တန်း-ဇော်မင်းထွန်း၊ မင်းကျော်ခန့် (ရန်ကုန်)၊ ထိုက်ထိုက်အောင်၊ ဒေးဗစ်ဒန်း (ရှမ်း)၊ သိန်းသန်းဝင်း၊ ရဲရင့်အောင် (ရတနာပုံ)၊ စိုးမိုးကျော် (အား/ကာသိပ္ပံ)၊ အလယ်တန်း-လှိုင်းဘိုဘို၊ ရဲကိုဦး၊ မျိုးကိုထွန်း၊ စည်သူအောင် (ရတနာပုံ)၊ ဝေယံဦး (မြဝတီ)၊ မောင်မောင်စိုး (မကွေး)၊ မောင်မောင်လွင်၊ ကျော်ဇင်ဦး (ရန်ကုန်)၊ ရန်နိုင်ဦး (ရှမ်း)၊ ရှေ့တန်း-အီစိုး (ရန်ကုန်)၊ ဇင်မင်းထွန်း၊ ဒွေးကိုကိုချစ် (ရှမ်း)၊ အောင်မြင့်ထွန်း (မကွေး)တို့ ပါဝင်ကြသည်။ မြန်မာ့ လက်ရွေးစင် အသင်းသည် ခြေစမ်းပွဲ ကစားရန် မေ ၂၄ ရက် နံနက်ပိုင်းတွင် ထွက်ခွာ မည်ဖြစ်ပြီး ခြေစမ်းပွဲကိုမေ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။
MWD
No comments:
Post a Comment