Latest News

Wednesday, May 2, 2018

ကုလ နှင့် ပူးပေါင်းရန် အချိန်ကျပြီ ဟု နိုင်ငံ ခေါင်းဆောင်မှ ပြောပြီ

ကုလ နှင့် ပူးပေါင်းရန် အချိန်ကျပြီ ဟု နိုင်ငံ ခေါင်းဆောင်မှ  ပြောပြီ

ဘင်္ဂလားဒေ့ရှ် ရှိ ဒုက္ခသည်များ နေရပ် ပြန်နိုင်ရေး အတွက် ကုလသမဂ္ဂ အေဂျင်စီ များ နှင့် ပူးပေါင်းလုပ်ဆောင်ရန် အချိန် ကျပြီ ဟု ဒေါ်အောင်ဆန်းစုကြည်မှ အင်္ဂါနေ့ က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြထားကြောင်း မြန်မာတိုင်းမ် သတင်းစာ မှာ ဖေါ်ပြထားပါတယ်။

ကုလ လုံခြုံရေး ကောင်စီ မှ တောင်းဆိုခဲ့သည့်အတိုင်း UNDP နှင့် UNHCR တို့ နဲ့ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးဖို့ ဆွေးနွေးနေပြီလည်း ဖြစ်ပါတယ်။

နိုင်ငံ အနေဖြင့် ရင်ဆိုင်နေရသော ကြီးမား ခက်ခဲလှသည့် စိမ်ခေါ်မှု ကြီးကို ဖြေရှင်းနိုင်ရန် ကုလ နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် မြန်မာ အစိုးရမှ လိုလားကြောင်းလည်း ဖေါ်ပြထားပါတယ်။

ထိုသို့ ပူးပေါင်းဆောင်ရွက် မှသာ ဒုက္ခသည်များ နေရပ်သို့ စိုးရိမ်ကြောင့်ကြမှု ကင်းစွာ ပြန်လာရေး အာမခံ လိုက်တဲ့ သဘော ဖြစ်တယ်လို့ လည်း ရည်ညွှန်း ဖေါ်ပြထားပါတယ်။

ယင်းသည် လွန်စွာ အရေးကြီးသော အလှည့်အပြောင်းတခု ဖြစ်ပေါ်လာမယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာန ရဲ့ နှစ်ပါတ်လည် လူ့အခွင့်အရေး အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ယာယီ နိုင်ငံခြားရေး ၀န်ကြီး ဖြစ်သူ ဂျွန် ဆူလီဗန် က ရိုဟင်ဂျာ ဆိုသူများ အပေါ် လူမျိုးရေး သန့်စင်မှု နှင့် ရက်စက်ကြမ်းကြုပ်ခဲ့မှု များ အတွက် ပြစ်တင်ရှုတ်ချလိုက်ပြီး အကျပ်အတည်း ကို ဖြေရှင်းနိုင်ဖို့ နဲ့ ကျုးလွန်သူများ ကို အရေးယူနိုင်ရေး ပါတနာ နိုင်ငံများ နဲ့ အတူ ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားသွားပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံ ကို အထီးကျန် ဖြစ်အောင် အရင်လို ပြန်လုပ်မလား၊ သို့မဟုတ် ၎င်းတို့ မျှော်မှန်းသလို ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး လေးစားသည့် ပုံမှန် နိုင်ငံ တခု အဖြစ် ရောက်ရှိအောင် ဆက်ဆံ မလား ဆိုတာ ဝေခွဲမရ ဖြစ်နေပုံရှိနေပြီး တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နှင့် အရှေ့တောင်အာရှ နိုင်ငံများကတော့ အရင်လို မဟုတ်ပဲ မြန်မာ အား အထီးကျန် ဖြစ်ရေး ထောက်ခံမှာ မဟုတ်ဖူးဟု အမေရိကန်ရှိ မဟာဗျုဟာ နှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့ကလည်း ထောက်ပြထားပါတယ်။

လှစိုး​ဝေ

No comments:

Post a Comment