Latest News

Wednesday, May 2, 2018

မြန်မာ-ထိုင်း နယ်စပ်ဂိတ်အား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကွင်းဆင်းဆောင်ရွက်

မြန်မာ-ထိုင်း နယ်စပ်ဂိတ်အား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကွင်းဆင်းဆောင်ရွက်

တနင်္သာရီ   မေ  ၂

တနင်္သာရီတိုင်းဒေသကြီး         ဝန်ကြီးချုပ်ဒေါက်တာ ဒေါ်လဲ့လဲ့မော်နှင့်   ဝန်ကြီးများသည်       တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် တနင်္သာရီမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့်  လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို   ဧပြီ ၃ဝ ရက်က ကွင်းဆင်း ကြည့်ရှု၍ ဒေသခံများနှင့်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး   ဝန်ကြီးချုပ်ဒေါက်တာ  ဒေါ်လဲ့လဲ့မော်နှင့်ဝန်ကြီးများအဖွဲ့သည် ဧပြီ ၃ဝ ရက်  နံနက် ၁၁ နာရီက     တနင်္သာရီမြို့တည်     နန်းတည် ရှင်မအောင်သာကျောက်တိုင်     နတ်နန်းအဆောင် အဆင့်မြှင့်တင်နေမှုနှင့်   မြို့နယ်လုံးဆိုင်ရာယဉ်ကျေးမှု ပြတိုက်   ဆောက်လုပ်ပြီးစီးမှုကိုကြည့်ရှု၍  တနင်္သာရီ တံတားစီမံကိန်းတည်ဆောက်ရေးအဖွဲ့(၄)  ရှင်းလင်း ဆောင်တွင် တိုင်းဒေသကြီးအတွင်း တည်ဆောက်လျက်ရှိ သည့်    တံတားလေးစင်းနှင့်ပတ်သက်၍   တံတား တည်ဆောက်ရေးအဖွဲ့(၄)   ညွှန်ကြားရေးမှူး     (မြို့ပြ) ဦးကျော်မျိုးထွန်းက     လက်ရှိတည်ဆောက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှုအခြေအနေများကို     တင်ပြဆွေးနွေးရာ ဝန်ကြီးချုပ်က တနင်္သာရီတံတားသစ်တည်ဆောက်နေမှုကို ကြည့်ရှု၍ လိုအပ်သည်များ ညွှန်ကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်နှင့် ဝန်ကြီးများသည် တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊  တိုင်းဒေသကြီး လွှတ်တော်အမှတ်(၂)ကိုယ်စားလှယ်    ဦးရဲမြင့်ဆွေ၊ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊  မြို့နယ်အဆင့်   ဌာနဆိုင်ရာ ဦးစီးမှူးများလိုက်ပါ၍   မောတောင်မြို့သို့    ဆက်လက် ထွက်ခွာပြီး မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က မောတောင်မြို့ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ အစည်းအဝေးခန်းမအတွင်း ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊  နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသခံများက တင်ပြသည့် ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီတာခဈေးနှုန်းနှင့် မြို့နယ်ခန်းမ၊ ဆရာ  ဆရာမလိုအပ်နေမှုများ၊ (မြန်မာ-ထိုင်း)နှစ်နိုင်ငံနယ်စပ်ဂိတ်အား တရားဝင်ဖြစ်စေရေးကိစ္စ များအပေါ်  ဌာနဆိုင်ရာများနှင့်   ပေါင်းစပ်ညှိနှိုင်းပေးခဲ့ သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (မြန်မာ-ထိုင်း)နှစ်နိုင်ငံနယ်စပ်ဂိတ်တွင်   CCTV    ဖြင့် လူဝင် လူထွက်မှတ်တမ်းထားရှိမှု၊ အထူးကိစ္စရပ်များ စစ်ဆေးရေး (ယာယီ)ရုံးခန်းနှင့်   သွင်းကုန်ယာဉ်စစ်ကွင်းနှင့် အမှတ်(၉)တံတားတိုင်ခြေ  ရေတိုက်စားနေမှုတို့ကို စစ်ဆေးကြည့်ရှုပြီး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်    လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ
နန်းသာရီ၊ ထိန်ဝင်း(ပြန်/ဆက်)

No comments:

Post a Comment