Latest News

Monday, May 21, 2018

မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးတို့၌ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်

မန္တလေးမြို့  အဆင့်မြင့်ဈေးချိုတော်နှင့်  တိုက်တန်းကြီးတို့၌ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်

မန္တလေး မေ ၂ဝ

လူထုနှင့်စပ်လျဉ်းသည့်  ထူးခြားဖြစ်စဉ်များဖြစ်ပေါ်ခဲ့ ပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ဈေးသူ ဈေးသားနှင့် ဈေးဝယ်များအားလုံးအတွက် လုံခြုံမှု ပိုမိုရရှိစေရန် မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးတို့၌ လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက် နေကြောင်း သိရသည်။

''အရင်တုန်းကဆိုရင်တော့ ဈေးလုံခြုံနဲ့ပတ်သက် ပြီးတော့ ထူးခြားသတင်းဖြစ်စဉ်တွေဖြစ်ရင် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအဆင့်က အဖွဲ့တွေနဲ့ ဈေး အကျိုးတော်ဆောင်အဖွဲ့နဲ့ထိတွေ့ပြီးတော့ ဆောင် ရွက်ခဲ့ပါတယ်၊  ဒီဘက်ခေတ်မှာတော့  ပူးပေါင်း ဆောင်ရွက်တဲ့ အပိုင်းတွေ လျော့နည်းလာပါတယ်၊ ဒါပေမယ့်    ကျွန်တော်တို့   လျော့နည်းတာကို ကျွန်တော်တို့ရှိတဲ့အင်အားနဲ့ အစွမ်းကုန်ဆောင်ရွက် နေပါတယ်၊  ကျွန်တော်တို့အနေနဲ့ဈေးဝယ်သူတွေ တစ်နေ့ကို တစ်ထောင်ကနေသောင်းချီ ဝင်ထွက် သွားလာနေတဲ့နေရာကြီးတစ်ခုဖြစ်တဲ့အတွက် လုံခြုံ ရေးကို သက်ဆိုင်ရာက  ပိုပြီးတော့ ပူးပေါင်းဆောင် ရွက်ပေးစေချင်ပါတယ်'' ဟု အဆင့်မြင့်ဈေးချိုတော် နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ကိုမင်းမင်းက ပြောသည်။

အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေး လုံခြုံရေးကို    နယ်မြေခံရဲတပ်ဖွဲ့၊    ဈေးအကျိုး တော်ဆောင်အဖွဲ့၊ ဈေးစည်းကမ်းထိန်းသိမ်းရေး အဖွဲ့၊ ဈေးချိုမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ဆောင် ရွက်နေခြင်းဖြစ်သည်။

မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက် တန်းဝန်းကျင်၌ ခရစ်နှစ် ၂ဝဝ၁၊ ၂ဝဝ၄၊ ၂ဝ၁ဝ ခုနှစ်များက မသမာသူများ၏ ဖောက်ခွဲခြင်းကို ခံခဲ့ ရပြီး ၂ဝ၁ဝ ပြည့်နှစ် ဖောက်ခွဲခံရမှုတွင် လူသေဆုံး သည်အထိ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

ကြေးမှုံ

No comments:

Post a Comment