Latest News

Tuesday, May 22, 2018

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် စိုးလင်းဦးက ပါဝိကို အလဲထိုးဖြင့် အနိုင်ရ

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် စိုးလင်းဦးက ပါဝိကို အလဲထိုးဖြင့် အနိုင်ရ

မြဝတီ မေ ၂၁

မြဝတီမြို့နယ် ကျောက်ခေတ်ကျေးရွာ၌ ယမန်နေ့ကကျင်းပသည့် မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် စိုးလင်းဦးနှင့် ပါဝိ(ထိုင်း)တို့ယှဉ်ပြိုင်ရာ စိုးလင်းဦးက တတိယ အချီ တွင် အလဲထိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် တွဲဆိုင်းစုစုပေါင်း ကိုးဆိုင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး စိုးလင်းဦးနှင့် ပါဝိတို့၏ ပွဲစဉ်မှာ အဓိက တွဲဆိုင်းအဖြစ် ပါဝင်ခဲ့သည်။

စိုးလင်းဦးသည် ပါဝိကို သုံးချီစလုံး ဖိအားပေးယှဉ်ပြိုင် နိုင်ခဲ့ပြီး တတိယအချီတွင် ပါဝိမှာ အမှတ်စဉ် အရေခံရပြီး နောက်ဆုံးတွင် စိုးလင်းဦးက အလဲထိုးဖြင့် အနိုင်ရခြင်းဖြစ်သည်။

စိုးလင်းဦးနှင့်ပါဝိတို့သည် မကြာခဏ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး တွေ့ဆုံမှုတိုင်းတွင် စိုးလင်းဦးက လက်ရည် အသာဖြင့် အနိုင်ရခဲ့သည်။

တခြားတွဲဆိုင်းများတွင် ရဲမာန်နှင့် ကျံကွီ (ထိုင်း)သရေ၊ ကောင်းပြည့်ကျော်က ကွန်ဖိုင်ဟဲကို အနိုင်၊ ရွှေဝါထွန်းနှင့် စံရှိုင်း(ထိုင်း) တို့ပွဲစဉ်တွင် ပူးတွဲသရေ၊ ရဲမင်းနိုင်က စီစဝမ်(ထိုင်း)ကို အလဲထိုးဖြင့် အနိုင်ရ ခဲ့ကြောင်း သိရသည်။

MWD

No comments:

Post a Comment