လန်ဒန် မေ ၁၂
ပရီးမီးယားလိဂ်ထိပ်တန်း ကစားသမားများ၏ လစာနှင့် အပိုဆုကြေး အသေးစိတ် အချက် အလက်များ Football Leaks ဝက်ဘ်ဆိုက်တွင် ပေါက်ကြားခဲ့ရာ အာဆင်နယ်မှ မန်ယူသို့ ပြောင်းရွှေ့သော အလက်ဆစ်ဆန်းချက်ဇ်သည် တစ်ပွဲကစားလျှင် ပေါင် ၇၅ဝဝဝ နှုန်းရရှိနေ ကြောင်း သိရသည်။ မန်ယူနည်းပြ မော်ရင်ဟို သည် ဆန်းချက်ဇ်ကို မန်စီးတီးထက် လက်ဦးမှု ရရှိစေရန် ခေါ်ယူခဲ့ရာတွင် မက်လုံးဖြင့် အပိုဆုကြေး ပေါင်ငါးသန်းအပြင် စာချုပ်ချုပ်ခအတွက် ပေါင် ၆ ဒသမ ၇ သန်းပေးကာ တစ်ပတ်အသားတင် လုပ်ခလစာ ပေါင် ၃၉၁ဝဝဝ ပေးခဲ့ကြောင်း သိရသည်။
ဂျာမန် Der Spiegel မဂ္ဂဇင်းက ဘောလုံးလောက အတွင်းရေးများကို ထုတ်ဖော်နေသည့် င်္ Football Leaks ; The Dirty Deals Behind the beautiful Game စာအုပ်ပါ ဖော်ထုတ် ချက်များကို ဖော်ပြခဲ့ရာ ဆန်းချက်ဇ်သည် မန်ယူတွင် တစ်နှစ်လစာနှင့် ချန်ပီယံလိဂ် ဝင်ခွင့်ရပါက ဈေးကွက်ဖော်ဆောင်မှု ကော်မရှင်အဖြစ် ပေါင် ၂ဝ ဒ သမ ၃၅ သန်းအပြင် စာချုပ်ကြေးအဖြစ် တစ်နှစ် ပေါင် ၁ ဒသမ ၁ သန်းနှုန်း ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆန်းချက်ဇ်သည် မန်ယူ၌ တစ်ရာသီအတွင်း သွင်းဂိုးနှင့် ဂိုးဖန်တီးပေးမှု အကြိမ် ၄ဝ ပြည့်လျှင် တခြားအပိုဆုကြေးငွေ ပေါင် နှစ်သန်း၊ မန်ယူအသင်း ချန်ပီယံလိဂ်တွင် ဗိုလ်စွဲပါက နောက်ထပ် ပေါင် တစ်သန်း၊ ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲပါက နောက်ထပ် ပေါင်ငါးသိန်း ဆုကြေးရရှိမည် ဖြစ်သောကြောင့် ဆန်းချက်ဇ်သည် တစ်ရာသီအတွင်း ပေါင် ၂၅ သန်းအထိ ရရှိနိုင်ကြောင်း သိရသည်။
အာဆင်နယ်အသင်းက ဒေါ့မွန်မှ တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူခဲ့ရာတွင် တစ်ပတ်လစာ ပေါင် ၁၉၈ဝဝဝ နှင့် တစ်နှစ် ပေါင် ၁၈ ဒသမ ၂ သန်းပေးခဲ့ရကြောင်း သိရသည်။ ထို့ပြင် အူဘာမီယန်းသည် သစ္စာရှိကြေးဖြင့် စာချုပ်သက်တမ်းကုန်မည့် ၂ဝ၂၁ ခုနှစ်တွင် ပေါင် ၁၅ ဒသမ ၁၅ သန်း ထပ်မံရရှိဦးမည်ဖြစ်သကဲ့သို့ တစ်ရာသီအတွင်း သွင်းဂိုးနှင့် ဂိုးဖန်တီး ပေးမှုပေါင်း ၂၅ ကြိမ်ပြည့်ပါက ဆုကြေး ပေါင်သုံးသိန်း၊ အာဆင်နယ်အသင်း ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ်တိုင်း ပွဲထွက်ခွင့် ရပြီး အနိုင်ရပါက တစ်ပွဲပေါင်ငါးသောင်း ရရှိသောကြောင့် ယခုရာသီတွင် ထိုသို့ငါးပွဲ ကစားနိုင်ခဲ့သဖြင့် ပေါင်နှစ်သိန်းခွဲ ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
MWD
No comments:
Post a Comment