Latest News

Sunday, May 13, 2018

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ အခွန်အခ ဝင်ငွေ ၁၆ ဘီလီယံကျော် ရရှိ

၂ဝ၁၇-၂ဝ၁၈  ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ အခွန်အခ ဝင်ငွေ ၁၆ ဘီလီယံကျော် ရရှိ

မုံရွာ  မေ  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၃၇ မြို့နယ်နှင့် မြို့နယ်ခွဲ ခုနစ်မြို့နယ်တို့မှ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း စည်ပင်သာယာရေး ကော်မတီနှင့် စည်ပင်သာယာရေး အဖွဲ့တို့၏ အခွန်အခဝင်ငွေအဖြစ်  ငွေကျပ် ၁၆၆၉ဝ ဒသမ   ၆၈၆ သန်း ကောက်ခံရရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး  စည်ပင်သာယာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါအခွန်အခများတွင် ပစ္စည်းခွန်၊ ဘီးခွန်၊ ဆောင်ရွက်ပေးခြင်းမှရငွေ၊ ငှားရမ်းခ၊ လုပ်ငန်းလိုင်စင်ခ၊   အခွင့်အရေးလိုင်စင်ခ၊ စီမံခန့်ခွဲရေးဒဏ်၊   အခြားရငွေများ ပါဝင်သည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေး ကော်မတီနှင့် စည်ပင်သာယာရေး အဖွဲ့၏   အခွန်အခကောက်ခံ ရရှိမှုအဖြစ် ပစ္စည်းခွန်ငွေကျပ် ၁၂၅၅ ဒသမ ၆၄၂ သန်း၊ ဘီးခွန်ငွေကျပ် ၃၆၈ ဒသမ ၄၉ သန်း၊ ဆောင်ရွက်ပေးခြင်းမှ ရငွေအဖြစ်  ငွေကျပ် ၂ဝ၁ဝ ဒသမ ၆၂၁ သန်း၊ ငှားရမ်းခငွေကျပ် ၁၃၃၂ ဒသမ ၄၃၄ သန်း၊ လုပ်ငန်းလိုင်စင်ခငွေကျပ်၆၆၈ ဒသမ ၁၃၈ သန်း၊ အခွင့်အရေးလိုင်စင်ခ ငွေကျပ် ၁ဝ၇၆၅ ဒသမ ၁၃ သန်း၊ စီမံခန့်ခွဲရေး ဒဏ်ငွေကျပ်  ၁၆၈ ဒသမ ၃၇၉ သန်း၊ အခြားရငွေများငွေကျပ် ၁၂၁ ဒသမ ၈၅၂ သန်း စုစုပေါင်းငွေကျပ် ၁၆၆၉ဝ ဒသမ ၆၈၆ သန်းအား ကောက်ခံ ရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါငွေများဖြင့် မြို့တွင်းသာယာ လှပရေး၊ မြို့တွင်းလမ်းများအားလုံး အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊    ဈေးများကိုခေတ်နှင့် အညီ သန့်ရှင်းစေရေး၊ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ ပန်းခြံနှင့်အပန်းဖြေ ဥယျာဉ်များ တည်ဆောက် ထိန်းသိမ်းရေး၊ အမှိုက်သိမ်းဆည်းမှု၊ စွန့်ပစ်မှုကို စနစ်တကျ လုပ်ဆောင်စေရေး၊  မြို့၏ Main Drainage Plan နှင့် ရေစီးရေလာစနစ်အား စနစ်တကျ ရေးဆွဲဆောင်ရွက်ရေး၊ အများပြည်သူဆိုင်ရာ အဆောက်အအုံနှင့် နေရာများ ခေတ်မီသန့်ရှင်းစေရေး   စသည့် ရည်မှန်းချက်များ ချမှတ်လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment