လီဗာပူး မေ ၂၉
လီဗာပူးအသင်းသည် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် မိုနာကိုအသင်းမှ ဘရာဇီး ကွင်းလယ် ကစားသမား ဖာဘင်ဟိုကို ယမန်နေ့က ပြောင်းရွှေ့ကြေး ပေါင် ၄၄ သန်းဖြင့် အပြီးသတ် စာချုပ်ချုပ်ဆို ခေါ်ယူနိုင်ခဲ့သည်။
ဘရာဇီး လက်ရွေးစင် ဖာဘင်ဟိုသည် အေးဂျင့် ဂျော့ခ်ျမန်ဒက်စ်နှင့်အတူ လီဗာ ပူးအသင်းသို့ ရောက်လာခဲ့ပြီး ဆေးစစ်မှု အောင်မြင်ပြီးနောက် ပုဂ္ဂိုလ်ရေး အချက်အလက်များပါ သဘောတူခဲ့ပြီး အသင်းတွင် ၂ဝ၂၃ ခုနှစ်အထိရှိစေမည့် စာချုပ်ချုပ်ဆိုကာ ဇူလိုင် ၁ ရက်တွင် အသင်းသို့ တရားဝင် ပြောင်းရွှေ့ရောက်ရှိ လာတော့မည်ဖြစ်သည်။
လီဗာပူးအသင်းသည် မိုနာကိုအသင်းထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၉ ဒသမ ၄ သန်းပေး ချေမည်ဖြစ် ပြီး ကျန်ငွေကို အသင်းရည်မှန်းချက်နှင့် ကိုက်ညီသည့် အချိန်တွင် ထပ်ဆောင်း ပေးချေသွားရန် သဘော တူခဲ့ခြင်းဖြစ်သည်။
အမ်မရီကန်နေရာတွင် အစားထိုးရန် ခေါ်ယူခဲ့သော ဖာဘင်ဟိုက မိမိကို လီဗာပူး အသင်း သို့ ပြောင်းရွှေ့လာစေရန် အဓိက တိုက်တွန်းအားပေးခဲ့သူမှာ လီဗာပူးအသင်းမှ ဘရာဇီး လက်ရွေးစင် ဖာမင် နိုဖြစ်ကြောင်းနှင့် လိုင်ယွန်အသင်းမှ သူငယ်ချင်းဖြစ်သော ပြင်သစ်လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင် ဖီကီယာကိုလည်း လီဗာပူးသို့ ပြောင်းရွှေ့ကစားရန် ဖိတ်ခေါ်ကြောင်း တိုက်တွန်းခဲ့သည်။ ဖီကီယာသည် ပြင်သစ် အသင်းကွင်းလယ်တွင် အဓိက ကစားသမား အဖြစ် ရွေးချယ်ခံထားရသူ ဖြစ်သည်။
MWD
No comments:
Post a Comment