Latest News

Sunday, May 13, 2018

ဦးစားပေးကဏ္ဍအလိုက် ဖြေရှင်း ဆောင်ရွက်သွားမည်

ဦးစားပေးကဏ္ဍအလိုက် ဖြေရှင်း ဆောင်ရွက်သွားမည်

ကျွန်တော်တို့နိုင်ငံဟာ အဘက်ဘက်မှာ လိုအပ်ချက်တွေနဲ့ ဆင်းရဲ နွမ်းပါးဆဲ ဖြစ်တာကြောင့် နေရာ ၊ ကဏ္ဍ အသီးသီးမှာ အများကြီး ဆက်လက် ရုန်းကန် ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ မျက်နှာစာမှာလည်း ဖိအားပေးမှုတွေ ၊ ဝေဖန်မှုတွေနဲ့ အထင်အမြင် လွဲမှား နေတာတွေလည်း ရင်ဆိုင်နေရပါတယ်။

ကျွန်တော်တို့ နိုင်ငံနဲ့ ကျွန်တော်တို့ ပြည်သူတွေ ဒီကမေ့ တွေ့ကြုံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ၊ အခက်အခဲတွေ ကလည်း မနည်းလှပါဘူး။

အရာရာတိုင်းကို လွယ်လင့်တကူ ဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့်လည်း ကျွန်တော့် အနေနဲ့ အစွမ်းကုန် ကြိုးပမ်း အားထုတ်ပြီး ဦးစားပေး ကဏ္ဍ အလိုက် ဖြေရှင်း ဆောင်ရွက် သွားရမှာပဲ ဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်[၃၀.၃.၂၀၁၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ကျင်းပသည့် ကတိ သစ္စာပြုပွဲ အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်]

No comments:

Post a Comment