Latest News

Sunday, May 13, 2018

အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုး

အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုး

အတိတ်က ကျန်ခဲ့တဲ့ အမွေဆိုးတွေကို ဖယ်ရှား ကျော်လွှားဖို့ ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ အနာဂတ် အတွက် မျှော်လင့်ချက်နွေကို ဖြည့်ဆည်းဖို့ ကြိုးပမ်းတဲ့ နေရာမှာ ကျွန်မတို့တွေ သင်ခန်းစာ ယူနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရခဲ့ရပါတယ်။

သစ္စာ ၊ မေတ္တာ ၊ သတ္တိ ၊ မုဒိတာ ဘယ်လောက် လိုအပ်တယ်။ လောဘ ၊ ဒေါသ ၊ မောဟတွေ ဘယ်လောက် များပြား ဆိုးဝါးတယ်။ မိတ်ဆွေကောင်း တွေရဲ့ ကျေးဇူး ဘယ်လောက် ကြီးမားတယ် ဆိုတာကို ပိုမိုလို့ သိနားလည်လာရပါတယ်။

အားလုံးအထက်မှာ ကျွန်မတို့အတွက် အရေးအကြီးဆုံး သင်ခန်းစာ ကတော့ ပြည်သူရဲ့ နားလည် ထောက်ခံမှု ၊ အားပေးမှုများရဲ့ အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးပါပဲ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

[၁.၄.၂၀၁၈ ရက်နေ့က ပြောကြားသည့် နိုင်ငံတော် အစိုးရ တာဝန်ထမ်းဆောင်မှု (၂) နှစ်ပြည့် မိန့်ခွန်းမှ ကောက်နုတ်ချက်]

No comments:

Post a Comment