ကျန်းမာရေး အခြေအနေအရ ပရိသတ်နှင့် ကင်းကွာပြီး ဇာတ်ကားများ အရိုက်ကျဲသွားသည့် စံရတီမိုးမြင့်သည် ယခုအခါ ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီ ဖြစ်သဖြင့် လက်ရှိတွင် ပရိသတ်နှင့် အဆက်အသွယ် မပြတ်စေရေး ကြော်ငြာများ လက်ခံရိုက်ကူး နေပြီဖြစ်ကြောင်း သိရသည်။
မကြာမီ ကျရောက်တော့မည့် သူမ၏ မွေးနေ့ပွဲကို စံရတီမိုးမြင့် We Love အဖွဲ့သားများနှင့် တွေ့ဆုံရန်ရှိနေပြီး အလှူဒါန များလည်း ပြုလုပ်ရန် ရှိနေကြောင်း သိရသည်။
''မနှစ်က ကျန်းမာရေး ချူချာလွန်းလို့ ဇာတ်ကားတွေ အရိုက်ကျဲသွားတယ်။ ဒီနှစ်မှာတော့ တော်တော်လေး ကောင်းလာပြီဖြစ်လို့ အနုပညာအလုပ်တွေ ပြန်လုပ်နေပါပြီ။ အခုအချိန်မှာ အပျိုကြီးစာရင်း ဝင်နေပြီဖြစ်လို့ ပျော်စရာရှိရင်လည်း ပျော်ပစ်လိုက်တယ်။ အပူအပင်လုံးဝ မထားတော့ပါဘူး။ မွေးနေ့လည်း မကြာခင်ရောက်တော့မှာမို့ ပွဲလမ်း သဘင်တော့ မလုပ်ဘဲ အလှူဒါန တွေနဲ့ပဲ ဖြတ်ကျော်မှာပါ။ ပရိသတ်တွေနဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အမြဲတွေ့ဖြစ်တယ်'' ဟု စံရတီမိုးမြင့်က ပြောသည်။
MWD
No comments:
Post a Comment