Latest News

Tuesday, May 29, 2018

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကို ကွင်းအသစ်၌ ကျင်းပနိုင်ရေး နေရာရှာဖွေနေ

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကို ကွင်းအသစ်၌ ကျင်းပနိုင်ရေး နေရာရှာဖွေနေ

တောင်ကြီး မေ ၂၈

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ ကျင်းပမည့် ကွင်းအသစ် တည်ဆောက်ရန် မြေနေရာ ရှာဖွေနေကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွန့်လွင်ထံမှ သိရသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပနေသည့် အဝေရာမီးပုံးပျံ ကွင်းသည် တောင်ကြီးမြို့ ကျောင်းကြီးစုရပ် ကျောက်တစ်လုံး လမ်းမကြီး နံဘေး၌ တည်ရှိပြီး ပတ်ဝန်းကျင် အနေအထားအရ ကျဉ်းမြောင်းလာခြင်း၊ တစ်နှစ်ထက်တစ်နှစ် ပိုမိုစည်ကား လာသဖြင့် လူထူထပ် ပိတ်ဆို့မှုဖြစ်ခြင်း၊ မတော်တဆ ထိခိုက်မှု ဖြစ်ခြင်းတို့ကြောင့် ပိုမိုကျယ်ဝန်းသည့် နေရာလိုအပ်လာသဖြင့် ကွင်းပြောင်းရွှေ့ရန် စီစဉ်နေခြင်းဖြစ်သည်။

 ''လက်ရှိ ကျင်းပနေတဲ့ကွင်းက ကျဉ်းတော့ မီးပုံးပျံ ပြန်ပျက်ကျတဲ့အခါ လူအသေ အပျောက်တွေ ရှိလာတဲ့အပြင် လူတွေပိတ်ဆို့တဲ့အတွက် မီးပုံးပျံကွင်းကို စနစ်တကျနဲ့ တည်ဆောက်ပေးနိုင်ဖို့ ကျွန်တော်တို့ အစိုးရ အဖွဲ့က စီစဉ်နေတာပါ'' ဟု ဦးစိုးညွန့်လွင်က ပြောသည်။

လတ်တလောတွင် သစ်တောမြေ ဧရိယာ ကင်းလွတ်ပြီး မီးပုံးပျံလွှတ်တင်ရန် လေကြောင်း၊ မြေဧရိယာ အနေအထားအရ ကျယ်ဝန်းပြီး သွားရေး၊ လာရေးလွယ်ကူနိုင်မည့် နေရာကို ရှမ်းပြည်နယ် အစိုးရ အဖွဲ့က သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ကွင်းဆင်း စစ်ဆေးရှာဖွေနေကြောင်း သိရသည်။

လက်ရှိ အသုံးပြုနေသော အဝေရာ မီးပုံးပျံကွင်းတွင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပလာသည်မှာ ၁ဝ နှစ်ကျော် ကြာခဲ့ပြီး ကွင်းမြေနေရာ ရှာဖွေမှု အတည်ဖြစ်ပါက လာမည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကို ကွင်းအသစ်၌ ကျင်းပနိုင်ရန် ရှမ်းပြည်နယ် အစိုးရက စီစဉ်ထားကြောင်း သိရသည်။

MWD

No comments:

Post a Comment