Latest News

Monday, May 21, 2018

ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်စဲခံရသည့်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်

ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်စဲခံရသည့်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်

ပိုတို - မျိုးမင်းထွန်း

လေးမျက်နှာ မေ ၂၁

လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာအုပ်စုတွင် မေ၂၁ရက် နံနက် ၉နာရီက လူအင်အား ၂၀၀ခန့်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းသိရသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် ကြွေးကျော်သံ ၆ချက်ပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကျော်ကာ အုပ်စုအတွင်းလမ်းလျှောက်ချီတက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနံနက်၁၀နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

 အိုင်သပြုကျွေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးခင်ဇော်အားမှ တာဝန်ကနေရပ်စဲခဲ့ခြင်းသည် မြို့နယ်ရှိ အမှတ်(၁)မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်ပြည်သူ လွှတ်တော်ကိုယ်စားလှယ်တို့ကဝင်ရောက်စွက်ဖက်ခဲ့ခြင်းကြောင့်ဟုဆိုကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကြောင်း  ကျွန်တော်တို့ အုပ်စုအုပ်ချုပ်ရေးမှူးက အသက်လည်း ၆၃နှစ် ကျော်နေပါပြီ အုပ်ချုပ်ရေးမှူးထပ်ပြီးလုပ်ဖို့်တော့မဟုတ်ပါဘူး။ သူ့သိက္ခာအတွက် ခုလိုဆန္ဒပြကြတာဖြစ်ပါတယ်ဆန္ဒပြပွဲခေါင်းဆောင် ဦးစိန်ဝင်းကပြောပြသည်။

မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်ကတော့ ကျွန်တော်တို့ ဥပဒေနဲ့မညီတဲ့ ဘယ်လုပ်ရပ်ကိုမျှ မလုပ်ခဲ့ပါဘူး။  ကျွန်တော်တို့ပြည်သူအားလုံးရဲ့အကျိုးအတွက် ဥ ပေ ဒ ပြု ရေး တာဝန်နဲ့ ဒေသဖွံ့ဖြိုးဖို့ရေးလုပ်ငန်းတွေကို တာဝန်ထမ်းဆောင်စဉ်ကာလမှာ အပြန်အလှန်ထိန်းကျောင်းပြီး ကျေပွန်အောင် ထမ်းဆောင်နို င် ဘို့ ကြိုး စားဆောင်ရွက်နေတာပါ။ ဒီလိုဆောင်ရွက်နေပေမဲ့လည်းရာနှုန်းပြည့်တော့မဆောင်ရွက်နိုင်တာတွေလည်းရှိမှာပါဘဲ။ ဒီတော့ ကိုယ့်လိုအပ်ချက်မပြည့်သူတွေ လည်းရှိမှာပါဘဲ။ ဒီတော့ဥပဒေအရဆန္ဒပြခွင့်ရှိတော့ ပြကြမှာပါဘဲ။ ဒါကိုကျွန်တော်တို့နားလည်ပါတယ်။ လေးမျက်နှာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ကတော့ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေမလုပ်ခဲ့ဘူးဆိုတာတော့ ပြောချင်ပါတယ်။  ဥပဒေနဲ့မညီတဲ့ဆောင်ရွက်မှုတွေအတွက် မည်သူမဆို သက်ဆိုင်ရာ တရားရုံး၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို တရားဝင်တိုင်ကြားကြပါ ဆိုတာကို အရင်ကလည်းအသိပေးထားပါတယ်။ ခုလည်းထပ်မံအသိပေးလိုပါတယ် ကျနော်တို့အချိန်မရွေးတာဝန်ယူဖြေရှင်းပေးပါမယ်ဆိုတာကို မဲဆန္ဒရှင်ပြည်သူတွေကို အသိပေးတင်ပြလိုပါတယ်လို့ပြောပါတယ်။

ဇော်မင်းထွန်း (မြို့နယ်ပြန်ဆက်)

No comments:

Post a Comment