Latest News

Sunday, May 13, 2018

ထိုင်းလိဂ်-၁ ဧပြီလတစ်လတာ အကောင်းဆုံးကစားသမားဆု မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူးအောင်သူရရှိ

ထိုင်းလိဂ်-၁ ဧပြီလတစ်လတာ အကောင်းဆုံးကစားသမားဆု မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူးအောင်သူရရှိ

ရန်ကုန် မေ ၁၂

Polic Tero အသင်းမှ မြန်မာ့လက်ရွေးစင် အသင်းတိုက်စစ်မှူး အောင်သူ သည် ထိုင်းလိဂ်-၁ ၏ ဧပြီလ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့ကြောင်း သိရသည်။

ထိုင်းလိဂ်၏ ထုတ်ပြန်ချက်အရ ဧပြီလ၏ အကောင်းဆုံးနည်းပြဆုကိုလည်း Polic Tero  အသင်းနည်းပြချုပ် Rangsan Viwatchaichok က ရရှိခဲ့ပြီး Police Tero အသင်းမှာ ဧပြီလ အတွင်း ယှဉ်ပြိုင် ကစားသည့် ပွဲစဉ်ငါးပွဲတွင် သုံးပွဲနိုင်၊ တစ်ပွဲသရေနှင့် တစ်ပွဲရှုံးနိမ့် ခဲ့သည်။

တိုက်စစ်မှူး အောင်သူသည် ဧပြီလအတွင်း အသင်းအတွက် သုံးဂိုးသွင်းယူ ပေးထားပြီး ယင်း ဂိုးများမှာ အသင်းအတွက် အနိုင်သုံးမှတ် ရယူပေးနိုင်သည့်အပြင် Police Tero အသင်းကို တန်းဆင်းဇုန်မှ လွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထို့ပြင် ဧပြီ ၂၉ ရက်က Pattaya United အသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်တွင် သွင်းယူသည့် အောင်သူ၏ သွင်းဂိုးမှာ ဧပြီလအတွင်း ထိုင်းလိဂ်၏ အလှဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခြင်းခံရသည်။ အောင်သူသည် ပြိုင်ပွဲအတွင်း ပွဲစဉ်အလိုက် အကောင်းဆုံး ကစား သမားဆုများကိုလည်း ရယူနိုင်ခဲ့သည်။

လက်ရှိတွင် အောင်သူသည် သွင်းဂိုးရှစ်ဂိုးအထိ သွင်း ယူထားနိုင်ပြီး ထိုင်းလိဂ်-၁ ဂိုးသွင်းအများဆုံး စာရင်းတွင် အဆင့် (၆) နေရာ၌ ရပ်တည် နေ သည်။

MWD

No comments:

Post a Comment