Latest News

Monday, May 28, 2018

ခိုးမှုပြစ်ချက်ဟောင်းရှိသူကို စစ်ဆေးရာမှခိုးမှုခြောက်မှု ဖော်ထုတ်နိုင်

ခိုးမှုပြစ်ချက်ဟောင်းရှိသူကို စစ်ဆေးရာမှခိုးမှုခြောက်မှု ဖော်ထုတ်နိုင်

ရန်ကုန်   မေ  ၂၈

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ခိုးမှု ပြစ်ချက်ဟောင်းရှိသူ လှိုင်သာယာမြို့နယ် အလယ်ကျေးရွာနေ ချစ်စန်းမောင်(ခ)ငမော့စ်(၂၃)နှစ်ကို စစ်ဆေးရာမှ ခိုးမှုခြောက်မှု ဖော်ထုတ်နိုင်ခဲ့သည်။

ပြစ်ချက်ဟောင်းရှိသူ ချစ်စန်းမောင် (ခ) ငမော့စ်ကို  မေ ၃ ရက် မွန်းလွဲ ၁နာရီက လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်တွင်  ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ ၎င်းသည် ဇန်နဝါရီ ၂၆ ရက် နံနက် ၄ နာရီက လှိုင်သာယာမြို့နယ် အမှတ်(၁၃)ရပ်ကွက်အတွင်းရှိ  နေအိမ်ရှေ့တွင် ရပ်ထားသည့် LIKNLIV A 300 အမျိုးအစား အနီရောင် သုံးဘီးဆိုင်ကယ် တစ်စီးအားလည်းကောင်း၊ ဖေဖော်ဝါရီလအတွင်းက လှိုင်သာယာမြို့နယ် ရွှေလင်ပန်းကျေးရွာမှLIFANအမျိုးအစား သုံးဘီးဆိုင်ကယ် တစ်စီး၊ အမှတ်(၇)ရပ်ကွက် နေအိမ်အတွင်းမှDAYUNအမျိုးအစား သုံးဘီးဆိုင်ကယ် တစ်စီး၊ အမှတ်(၁၆)ရပ်ကွက် နေအိမ်အတွင်းမှ CANDA  အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့်HARRY STARအမျိုးအစား ဆိုင်ကယ်တစ်စီး၊ အမှတ်(၆)ရပ်ကွက် နေအိမ်အတွင်းမှFELLINGအမျိုးအစား ဆိုင်ကယ်တစ်စီးတို့ကို  ခိုးယူရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်များအရ သက်သေခံဆိုင်ကယ်များ ပြန်လည်သိမ်းဆည်း နိုင်ခဲ့ကာ ပြစ်မှုကျူးလွန်သူ ချစ်စန်းမောင်(ခ) ငမော့စ်ကို  လှိုင်သာယာ မြို့မရဲစခန်းနှင့် သောင်ကြီးနယ်မြေရဲစခန်းတို့တွင် အမှုများ အသီးသီး ရေးဖွင့် အရေးယူဆောင်ရွက်လျက်ရှိကာ သက်သေခံဆိုင်ကယ်များနှင့် စပ်လျဉ်း၍ ပိုင်ရှင်များအနေဖြင့် ဖော်ပြပါ ရဲစခန်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။                                                      

ကြေးမုံ

No comments:

Post a Comment