လိဒ်စ်ယူနိုက်တက်အသင်းတွင်ကစားသမား ၂၂ ဦး လိုက်ပါလာမည်
ရန်ကုန် မေ ၇
အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းသည် မြန်မာ နိုင်ငံခရီးစဉ်အတွက် ကစားသမား ၂၂ ဦး ခေါ်ဆောင်လာမည်ဖြစ်ပြီး စုစုပေါင်း ၃၄ ဦး လိုက်ပါလာမည်ဖြစ်သည်။
လိဒ်စ်ယူနိုက်တက်အသင်းသည် မေ ၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ သို့ ရောက်ရှိမည်ဖြစ်ပြီး အမာခံကစားသမားအချို့ ပါဝင်လာခြင်းမရှိသော် လည်း လက်ရှိ အင်္ဂလန်လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ကစားသမားအများစု ပါဝင်လာသည်။ လိဒ်စ်ယူနိုက်တက်အသင်းတွင် ပါဘလို ဟာနန်ဒက်ဇ်၊ ဖောရှော၊ လာဆိုဂါတို့ ပါဝင်လာခြင်းမရှိသော်လည်း ဖာရယ်၊ ဒေးဗစ်အလိုင်းရင်း၊ ရော်နယ်ဒိုမီအဲရား၊ ကယ်ဗင်ဖီးလစ်တို့ ပါဝင်လာသည်။ လိဒ်စ်ယူနိုက်တက်အသင်းသည် မေ ၆ ရက်တွင် လိဂ်ချန်ပီယံရှစ် နောက်ဆုံးပွဲ ဖြစ်သည့် QPRအသင်းနှင့် ယှဉ်ပြိုင်ပြီး နောက်ရက်တွင် ထွက်ခွာလာပြီး ဒဏ်ရာနှင့် ပွဲပန်းနေသည့် ကစား သမားအချို့ မပါဝင်လာခြင်းဖြစ် သည်။
လိဒ်စ်ယူနိုက်တက် အသင်းသည် မြန်မာနိုင်ငံ ခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး မေ ၉ ရက်တွင် သုဝဏ္ဏကွင်း၌ MNL ALL Star အသင်း၊ မေ ၁၁ ရက်တွင် မန္တလာသီရိကွင်း၌ မြန်မာ့ လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment