Latest News

Friday, May 25, 2018

ပြည်တွင်းရွှေဈေး ငွေကျပ်တစ်သောင်းခွဲကျော် ကျဆင်းလာသော်လည်း အရောင်းအဝယ် နည်းပါး

ပြည်တွင်းရွှေဈေး ငွေကျပ်တစ်သောင်းခွဲကျော် ကျဆင်းလာသော်လည်း အရောင်းအဝယ် နည်းပါး

ရန်ကုန် မေ ၂၄

ကမ္ဘာ့ရွှေဈေးကျဆင်း လာခြင်းကြောင့် ပြည်တွင်းရွှေဈေးသည် တစ်လအတွင်း ငွေကျပ်တစ်သောင်းခွဲကျော် ကျဆင်းလာသော်လည်း အရောင်းအဝယ် ပါးနေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄ဝ နီးပါး ကျဆင်းခြင်းကြောင့် ပြည်တွင်းရွှေဈေးလည်း ဆက်တိုက် ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးသည် ဧပြီ ၂ဝ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၃၃ ဒေါ်လာရှိရာမှ မေ ၂၄ ရက်တွင် အမေရိကန် ဒေါ်လာ ၁၂၉၅ ဒေါ်လာအထိ ကျဆင်းလာပြီး ပြည်တွင်းရွှေဈေးကွက် သည်လည်း ဧပြီ ၂ဝ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၉၄၇ဝဝဝ ရှိရာမှ မေ ၂၄ ရက်တွင် ငွေကျပ် ၉၃၂ဝဝဝ ကျော် ပေါက်ဈေးရှိကြောင်း သိရသည်။

''ကမ္ဘာ့စီးပွားရေး ကောင်းလာတာကြောင့် ကမ္ဘာ့ရွှေဈေး ကျလာတယ်။ ဒါကြောင့် ပြည်တွင်းရွှေဈေးလည်းကျတယ်။ တခြားဘာကိစ္စမှ မရှိပါဘူး။ ဈေးကျပေမယ့် အရောင်းအဝယ်က သိသိသာသာ ပြောင်းလဲတာမရှိပါဘူး။ နည်းပါတယ်''ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် ပြည်တွင်းရွှေဈေးကွက်၌ အရောင်းအဝယ်နည်းပါး သည့်ကာလဖြစ်ပြီး လက်ဝတ်ရတနာ အပါအဝင် ရွှေဝယ်ယူမှု နည်းနေကြောင်း၊ ထို့ပြင် တောင်သူများ လုပ်ငန်းခွင်ဝင်သည့် ကာလဖြစ်၍ ပွဲလမ်းသဘင် နည်းနေသဖြင့် ရွှေဈေးကျသော်လည်း ဝယ်သူ နည်းပါးနေကြောင်း ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

MWD

No comments:

Post a Comment