Latest News

Thursday, May 17, 2018

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်း ထုတ်​ပြန်

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်း ထုတ်​ပြန်

အင်္ဂလန်​အသင်းသည်​ Group G မှာ ဘယ်​ဂျီယံ ပနားမား တူးနီးရှား တို့နဲ့ တစ်​အုပ်​စုထဲကျ​ရောက်​ခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့မှာ တူနီးရှား၊၂၄ ရက်နေ့မှာ ပနားမား၊၂၈ ရက်နေ့မှာ ဘယ်လ်ဂျီယံအသင်းများနဲ့ အုပ်စုပွဲစဉ်များကို အသီး သီး ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်း၏ အပြီးသတ်(၂၃)ဦးစာရင်း ​အောက်​ပါအတိုင်းထုတ်​ပြန်​​ခဲ့သည်​။

ဂိုး - ဘတ်လန်း (စတုတ်စီးတီး)၊ ပစ်ဖို့ဒ် (အဲဗာတန်)၊ နစ်ပုပ်(ဘန်လေ)
နောက်တန်း - အာနိုးလ် (လီဗာပူးလ်)၊ ဂယ်ရီကာဟေးလ် (ချယ်လ်ဆီး)၊ ဝေါ်လ်ကာ၊ စတုန်းစ် (မန်စီးတီး)၊ မစ်ဂွိုင်းရေး (လက်စတာ)၊ ထရစ်ပီယာ၊ ဒန်နီရို့စ် (စပါး)၊ ဖီးလ်ဂျုံးစ်၊ အက်ရှ်လေယန်း (မန်ယူ)
ကွင်းလယ် - အဲရစ်ဒိုင်ယာ၊ အယ်လီ (စပါး)၊ လင်ဂတ် (မန်ယူ)၊ ဟန်ဒါဆန် (လီဗာပူးလ်)၊ ဒဲ့လ်ဖ် (မန်စီးတီး)၊ လော့ဖ်တပ်ချိခ် (ချယ်လ်ဆီး)
တိုက်စစ် - ဗာဒီ (လက်စတာ)၊ ရပ်ရှ်ဖို့ဒ် (မန်ယူ)၊ စတာလင် (မန်စီးတီး)၊ ၀ဲလ်ဘက် (အာဆင်နယ်)၊ ဟာရီကိန်း (စပါး)

အရံ - ဟီတန်၊ တာကောစကီး (ဘန်လေ)၊ ကွတ်ခ် (ဘုန်းမောက်)၊ လစ်ဗာမိုး (၀က်စ်ဘရွန်း)၊ လယ်လာနာ (လီဗာပူးလ်)

အင်္ဂလန်အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ခဲ့ကြတဲ့ နောက်ခံလူ စမောလင်း၊ဆက်ဆနွန်၊၀ဲလ်ကော့ ဂိုးသမား ဂျိုးဟတ်၊ကွင်းလယ်လူ ၀ီးလ်ရှိုင်းယားနဲ့နောက်ခံလူ ဘာထရန် စတဲ့ကစားသမားတွေ လည်း ကမ္ဘာ့ဖလား လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Ref; FIFA WORLD CUP 2018

No comments:

Post a Comment