Latest News

Tuesday, May 22, 2018

၄၈ နာရီအတွင်း ကွန်တီ ကိုထုတ်ပယ်ပြီးအင်းနရစ် ကို ချယ်လ်ဆီးနည်းပြသစ်အဖြစ် ခန့်အပ်မည်

၄၈    နာရီအတွင်း       ကွန်တီ      ကိုထုတ်ပယ်ပြီးအင်းနရစ်   ကို      ချယ်လ်ဆီးနည်းပြသစ်အဖြစ် ခန့်အပ်မည်

ချယ်လ်ဆီးအသင်းသည် နည်းပြ ကွန်တီကို  နောက် ၄၈ နာရီအတွင်း  ထုတ်ပယ်မည်ဖြစ်ပြီး  ဘာစီလိုနာနည်းပြ ဟောင်း  အင်းနရစ်ကို  ချယ်လ်ဆီးနည်းပြသစ်အဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း    အားကစားဆောင်းပါးရှင် တိုနီဘန့် ရေးသားချက်ကို အိပ်စ်ပရက်စ်အွန်လိုင်းသတင်း ဌာနက ဖော်ပြခဲ့သည်။   ကွန်တီမှာ  ချယ်လ်ဆီးအတွက် အက်ဖ်အေဖလား ဆွတ်ခူးပေးနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ် ဝင်ခွင့်လွဲချော်ခဲ့သည့်အတွက် ထုတ်ပယ်ခံရရန် အနီးစပ်ဆုံး အခြေအနေ ရောက်ရှိနေခြင်းဖြစ်သည်။ ချယ်လ်ဆီးအနေ ဖြင့် ကွန်တီကို ထုတ်ပယ်မည်ဆိုပါက ကွန်တီ၏ စာချုပ် အရ  နောက်ဆုံးနှစ်   လုပ်ခလစာ ပေါင် ကိုးသန်းကို လျော်ကြေးအဖြစ် ပေးချေရမည်ဖြစ်သည်။

ချယ်လ်ဆီးနည်းပြသစ်အဖြစ် ဘာစီလိုနာနည်းပြ ဟောင်း အင်းနရစ်၊ မိုနာကိုနည်းပြ ဂျာဒင်၊ နာပိုလီနည်းပြ ဆာရီတို့ နာမည်ထွက်နေသော်လည်း အင်းနရစ်မှာ ကွန်တီ နေရာဆက်ခံမည့်သူအဖြစ် ထိပ်ဆုံးမှ ရေပန်းစားနေခြင်း ဖြစ်သည်။ ကွန်တီမှာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက ပရီမီယာ လိဂ်ဖလား၊ ယခုနှစ်ဘောလုံးရာသီတွင် အက်ဖ်အေဖလား  ရယူပေးနိုင်ခဲ့သော်လည်း   မန်ယူကို  အနိုင်ရရှိသည့်  အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးတွင်  ပြောကြားခဲ့သည့် သူ၏ပြောစကားအရ   ချယ်လ်ဆီးမှ  ထွက်ခွာရမည်ကို မျှော်လင့်ထားပြီးဖြစ်ကြောင်း သေချာပေါက် တွက်ဆနိုင် သည်။

ကွန်တီက ''တစ်ခါတလေ ခင်ဗျားအနေနဲ့ ရည်မှန်း ချက် တူချင်မှတူမှာပါ၊ ပြီးခဲ့တဲ့ဘောလုံးရာသီက ကျွန်တော် တို့ လိဂ်ဖလားရရှိပြီးချိန်မှာ ကျွန်တော်နဲ့ ကလပ်အသင်း တို့ဟာ ဒီဖလားကို ကာကွယ်ဖို့ နည်းလမ်းမှန်ကို ရှာဖွေရ မယ်လို့ ပြောကြားခဲ့ပါတယ်၊ ကျွန်တော်က ဒါကြောင့် ဆက်နေဖို့ဆုံးဖြတ်ခဲ့ပြီး အလုပ်ကိုလည်း ကြိုးစားလုပ်ခဲ့ပါ တယ်၊ ခင်ဗျားအနေနဲ့ ကျွန်တော့်လိုလူမျိုးကို နည်းပြအဖြစ် ခန့်အပ်ရင် ဒီလိုအလုပ်မျိုးအတွက် အားဖြည့်ဆောင်ရွက်မှု တွေ စတင်လုပ်ဆောင်ရမယ်ဆိုတာ သိကိုသိရပါမယ်၊  ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊  ကျွန်တော့်ရဲ့ဘောလုံးအယူအဆကို မပြောင်းလဲနိုင်ပါဘူး၊ ကျွန်တော်ဟာ   ဖလားများဆုရှင်တစ်ယောက်ပါ''  ဟု ပြောကြားခဲ့သည်။                        

မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment