ဟိုင်းကြီးကျွန်း မေ ၁၈
ဧရာဝတီတိုင်း ဒေသကြီး ဟိုင်းကြီးကျွန်းမြို့၌ ယခုအခါ ပုစွန်ဖမ်းဆီးရရှိမှု နည်းပါး လာသောကြောင့် ပုစွန်ခြောက်ပြုလုပ် ရောင်းချသူများနှင့် ပုစွန်ဖမ်းဆီး ရောင်းချသူများ အခက်အခဲ ကြုံတွေ့လျက်ရှိကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ ပုစွန်ခြောက်များကို ဒေသခံ ပုစွန်ခြောက် ကုန်သည်များနှင့် ပုသိမ်မြို့ပေါ်မှ ပုစွန်ခြောက် ကုန်သည်များက အများဆုံး ဝယ်ယူလျက်ရှိပြီး ရန်ကုန်မြို့နှင့် အခြားမြို့ကြီး များသို့ တစ်ဆင့်ပြန်လည် ရောင်းချကြသည်။
ပုစွန်ခြောက်ဈေးနှုန်းမှာ အရည်အသွေးပေါ် မူတည်၍ တစ်ပိဿာလျှင် ငွေကျပ် ၃၅ဝဝဝ မှ ၅၅ဝဝဝ အထိ ဈေးရှိပြီး ပုစွန်ခြောက်ပြုလုပ်ရာမှ ထွက်ရှိသော ပုစွန်ဖွဲများကို မွေးမြူရေး လုပ်ငန်းရှင်များက ဝယ်ယူကြသည်။ အဆိုပါ ပုစွန်ဖွဲတစ်တင်းလျှင် ငွေကျပ် ၁၂ဝဝဝ မှ ၁၅ဝဝဝ အထိ ဈေးရရှိကာ အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
MWD
No comments:
Post a Comment