Latest News

Sunday, May 13, 2018

နျူကလီးယား ကင်းစင်အောင်လုပ်ရန် သဘောတူလျှင် အမေရိကန်က မြောက်ကိုရီးယားအား ချမ်းသာ ကြွယ်ဝစေရန် အကူအညီပေးမည်ဟုဆို

နျူကလီးယား ကင်းစင်အောင်လုပ်ရန် သဘောတူလျှင် အမေရိကန်က မြောက်ကိုရီးယားအား ချမ်းသာ ကြွယ်ဝစေရန် အကူအညီပေးမည်ဟုဆို

ဝါရှင်တန် မေ ၁၂

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အနေဖြင့် ကိုရီးယားကျွန်းဆွယ်၌  နျူကလီးယား ကင်းစင်အောင်လုပ်ဆောင်မည်ဟု သဘောတူပါလျှင် အမေရိကန်က ယင်းနိုင်ငံအား တောင်ကိုရီးယားကဲ့သို့ ချမ်းသာကြွယ်ဝလာစေရေးအတွက် အကူအညီပေးရန် အသင့်ရှိသည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးမိုက်ပွန်ပီယိုက ပြောသည်။

မြောက်ကိုရီးယားအစိုးရက နျူကလီးယား ကင်းစင်ရေးအတွက် ပေါ်လွင်ထင်ရှားသည့် လုပ် ဆောင်ချက်ကို အလျင်အမြန် လုပ်ဆောင်ပါက မြောက်ကိုရီးယားနိုင်ငံ ချမ်းသာကြွယ်ဝလာ စေရန် ပူးပေါင်းလုပ်ဆောင်မည်ဟု ပွန်ပီယိုက မေ ၁၁ ရက်တွင် တောင်ကိုရီးယား နိုင်ငံခြား ရေးဝန်ကြီး ကန်းကျွမ်ဝှါနှင့် ပြုလုပ်သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။ ထို့ပြင် နျူ ကလီးယားကင်းစင်အောင် လုပ်ဆောင်မည်ဟူသော မြောက်ကိုရီးယား၏ ကတိကဝတ်ပြုမှုက ခိုင်မာခြင်း ရှိ၊ မရှိ စိစစ်အတည်ပြုသည့် အစီအစဉ်တစ်ရပ် လိုအပ်သည်ဟု ပွန်ပီယိုက ပြောသည်။

ဆက်လက်ပြီး မြောက်ကိုရီးယား အစိုးရအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ယခင် အခြေ အနေမျိုး ပြန်လည်ရောက်ရှိစေမည့် နျူကလီးယား ဆောင်ရွက်မှုများ ပြန်လည် မစတင်ရန် လိုအပ်မည်ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား ကင်းစင်စေရေးအတွက် အမေရိကန် ပြည်ထောင်စုက ကမ္ဘာ့နိုင်ငံများ နှင့်ပူးပေါင်း လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

သို့သော် လက်ရှိအခြေအနေတွင် မြောက်ကိုရီးယား အပေါ်ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျှော့ပေးမည် မဟုတ်ဘဲ မြောက်ကိုရီးယား အစိုးရ၏ အဓိပ္ပာယ်ရှိသည့် လုပ်ဆောင်ချက်ကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်းကျွမ်ဝှါက ပြောသည် ဟုသိရသည်။

MWD

No comments:

Post a Comment