Latest News

Friday, May 18, 2018

ကားလမ်းပေါ်တက်ရောင်းသည့် ပျံကျဈေးသည်များကြောင့် ခရီးသွားပြည်သူနှင့်ယာဉ်များ သွားလာရေးအခက်အခဲ နေ့စဉ်ကြုံ

ကားလမ်းပေါ်တက်ရောင်းသည့် ပျံကျဈေးသည်များကြောင့်
ခရီးသွားပြည်သူနှင့်ယာဉ်များ သွားလာရေးအခက်အခဲ နေ့စဉ်ကြုံ

ရန်ကုန်  မေ ၁၈

လှိုင်သာယာ မြို့နယ်  ၁၅ ရပ်ကွက်ရှိ ကျန်စစ်သားကားလမ်းမကြီးပေါ်မှ ပျံကျဈေးသည်တို့ကြောင့်  နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် လမ်းပိတ်ဆို့မှုကို  နေ့စဉ်ကြုံတွေ့နေရလျက်  လူနှင့်ယာဉ်သွားလာရေးအခက်တွေ့ နေရကြောင်း သိရသည်။

''၁၅ ရပ်ကွက်နဲ့ ၁၉ ရပ်ကွက်ကို  ကျန်စစ်သားလမ်းမကြီးက ပိုင်းခြားထားပြီးတော့ ရပ်ကွက်နှစ်ခုကို သခင်မြလမ်းကဆက်သွယ် ထားတယ်၊ အဲ့ဒီလမ်းပေါ်မှာ ပျံကျဈေးဖွင့်တာ ကြာပြ်ီ၊ စဖွင့်ထဲက အုပ်ချုပ်ရေးကအမျိုးမျိုးတင်ပြပေမယ့်နှစ်တွေသာ ကြာလာတယ်၊ ပျံကျ ဈေးကဆိုင်ခန်းပိုများပြီး ကားလမ်းပေါ်အထိ  နှစ်ထပ်ခင်းပြီး ရောင်းလာကြပြီ၊ စည်ပင်ကို တင်ပြလို့  လာရှင်းလည်းခဏပဲ၊  ထိထိရောက်ရောက်မလုပ်နိုင်တာလည်းပါတယ်၊  ၂ဝ ဈေးဆိုလည်း ဌာနဆိုင်ရာတွေ  ပူးပေါင်းပြီးရှင်းပြီးခါမှ ထဲထဲဝင်ဝင် ဆက်မ လုပ်တော့   အနော်ရထာကားလမ်းပေါ်မှာ   ပျံကျဈေးသည် ပြန်ရောက်လာတော့  ဆောက်ပေးထားတဲ့  စည်ပင်ဈေးကြီးက  အလကားဖြစ်နေတယ်၊  ဒီလမ်းပေါ်ဈေးမှာ ယာဉ်တိုက်မှုမကြာ ခဏဖြစ်တယ်၊ စက်ရုံယာဉ်နဲ့ လိုင်းကားတွေသွားလာရေးဒုက္ခရောက် ရတယ်၊ နောင်ဆိုရင် ကားလမ်းမကြီးပါပျောက်သွားနိုင်တယ်''ဟု အမှတ် ၁၅ ရပ်ကွက် အပိုင် ၁ မှရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည် ။

လှိုင်သာယာမြို့နယ်တွင်  ရပ်ကွက်၊ကျေးရွာ အသီးသီးရှိ လမ်းမထိပ်၊ လမ်းဆုံ၊ လမ်းသွယ်နှင့် ကားလမ်းမကြီးများပေါ်တွင် ဆိုင်ခန်းများဆောက်၍ဈေးရောင်းချမှုနှစ် စဉ်တိုးလာလျက်ရှိရာ ထိုသို့တိုးလာရာ၌ လမ်းပေါ်ဈေးဆိုင်ခန်းများ  ဆောက်လုပ်၍ ပြန်လည် ရောင်းချခြင်း၊ ရေမြောင်းပေါ်တွင် ဈေးဆိုင်ခန်းများ ဆောက်၍ငှားခြင်းတို့မှာ ဝင်ငွေကောင်း သည့်စီးပွားရေးလုပ်ငန်း ဖြစ်လာသောကြောင့် ရပ်ကွက်၊ ကျေးရွာများတွင် ပျံကျဈေး သည်များ အစီအရီပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။

သခင်မြလမ်းပေါ်တွင်  ပျံကျဈေးသည်  ထောင်ကျော်ရောင်းချ လျက် ရှိရာ ယခင်က ရာကျော်သာရှိ၍ ပြတ်သားစွာ ရှင်းလင်းဆောင် ရွက်မှုအားနည်းခဲ့ခြင်းနှင့်  ကျန်စစ်သားကားလမ်းပေါ်အထိ  ဈေးသည် နှစ်ထပ်ရောင်းချနေကြသောကြောင့် ခရီးသွားပြည်သူ များနှင့်  ယာဉ်များမှာ ဈေးသည်များနှင့်  မကြာခဏပြဿနာ ဖြစ်ပွားလျက်  ခရီးသွားလာမှုအခက်အခဲများ  နေ့စဉ်ကြုံတွေ့ နေရကြောင်း သိရသည်။    

မြန်​မာ့အလင်း၊ဓာတ်ပုံ-သစ္စာ

No comments:

Post a Comment