Latest News

Friday, May 18, 2018

ကြော်ငြာများစတင်ရိုက်ကူးနေသည့် နှင်းဆီအဖွဲ့သားများ

ကြော်ငြာများစတင်ရိုက်ကူးနေသည့် နှင်းဆီအဖွဲ့သားများ

လူငယ်အနုပညာရှင်များဖြစ်ကြသည့်  နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ရဲလေး၊ မိုးမိုးတို့  နှင်းဆီအဖွဲ့သားများက  Beauty Diary အလှကုန်ပစ္စည်းကို ကြော်ငြာ ရိုက်ကူးနေကြောင်း သိရသည်။

''ကျွန်တော်တို့နှင်းဆီအဖွဲ့သားတွေအားလုံးပါတဲ့ ကြော်ငြာလေးပေါ့၊ ဒါရိုက်တာ က ဓာတ်ပုံကိုဉာဏပါ၊ အလှကုန်ဖြစ်တဲ့အတွက် ကျွန်တော်တို့အမျိုးသားတွေအတွက် နည်းနည်းတော့ အခက်အခဲရှိတယ်၊ ဒါပေမယ့် ကိုယ်တိုင်လည်း အလှကုန်တွေနဲ့အမြဲ ထိတွေ့နေရတာဆိုတော့  ရိုက်ဖြစ်သွားတယ်၊  သိတဲ့အတိုင်း  ကျွန်တော်တို့ နှင်းဆီ အဖွဲ့သားတွေကို ရွေးပြီဆိုကတည်းက ဟာသနဲ့ပတ်သက်ပြီး အကြံဉာဏ်လေးထည့် တယ်၊ ဟာသနဲ့ပတ်သက်ပြီး သင်ယူရမယ့်အခန်းကဏ္ဍလေးကို အားဖြည့်ဆွေးနွေး တယ်၊ အမြဲတမ်းအမှတ်ရစေမယ့်Plotလေးတွေကို  စဉ်းစားပေးထားပါတယ်'' ဟု နေတိုးကပြောပြသည်။
TV commercial တွင် ပထမဆုံးသရုပ်ဆောင်ခြင်းဖြစ်ပြီး အမျိုးသားများ အတွက်လည်း အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုသည် အရေးကြီးကြောင်း၊ နေပူထဲသွားလာလှုပ်ရှားရသူများ၊ မီးရောင်များအကြား အလုပ်လုပ်နေကြရသူများ အတွက် အသားအရေကို ကာကွယ်သည့်အလှကုန်များကို သုံးရကြောင်း ကျော်ကျော်ဗို က ပြောသည်။

''ကျွန်တော် လက်ရှိအနုပညာလုပ်ငန်းတွေကတော့ အခုကြော်ငြာဇာတ်လမ်း လေးရိုက်တယ်၊ အိပ်မက်ကွန်ဆိုတဲ့ ဇာတ်ကားရိုက်နေတယ်၊ နေတိုးနဲ့ Rose Rider  ဇာတ်ကားကို အချောသပ်ဖို့ရှိတယ်'' ဟု ကျော်ကျော်ဗိုက ပြောသည်။        

ကိုလင်း(မြန်​မာ့အလင်း)

No comments:

Post a Comment