Latest News

Tuesday, May 22, 2018

ရုရှား၌ ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမောင်းသူမဲ့ လေယာဉ်ဘေးအန္တရာယ်မှ ကာကွယ်မည်

ရုရှား၌ ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမောင်းသူမဲ့ လေယာဉ်ဘေးအန္တရာယ်မှ ကာကွယ်မည်

မော်စကို မေ ၂၂

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပချိန်ကာလ အတွင်း မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက် လာနိုင်သည့်အရေးမှ   ကာကွယ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်ဟု ရုရှား တာဝန်ရှိသူများက ပြောကြားကြောင်း အေ အက်ဖ်ပီသတင်းဌာနက မေ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကျင်းပခြင်းကို ဖျက်လိုဖျက်ဆီးပြုလုပ်နိုင်ရန် အကြမ်းဖက် သမားများက ကြံစည်အားထုတ် လာနိုင်သည် ဟု ပြိုင်ပွဲကျင်းပရေးမှူးများက အထူးတလည် စိုးရိမ်ပူပန်လျက်ရှိကြသည်ဆို၏။

ကျင်းပမည်

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဇွန် ၁၄ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ရုရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။ ရုရှားနိုင်ငံ ချေချင်းညှာ ဒေသ မြောက်ပိုင်းမှ စစ်သွေးကြွများသည် အစ္စလာမ္မစ်နိုင်ငံတော်  ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်)နှင့် ဆက်နွှယ်မှုရှိပြီး အကြမ်း ဖက်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ရာ ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲကိုလည်း ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်လာမည်ကို စိုးရိမ်ပူပန် လျက်ရှိကြောင်း၊ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၌ အသုံးပြုမည့် အားကစားပြိုင်ပွဲရုံများကို မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်နိုင်ခြင်းမရှိ စေရန် ကြိုတင်ကာကွယ်ရေးအစီအမံများ ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  တာဝန်ရှိသူ များက ပြောကြားကြသည်။  

Mirror Daily

No comments:

Post a Comment