Latest News

Tuesday, May 22, 2018

မလေးရှားဝန်ကြီးချုပ်ဟောင်း အဂတိလိုက်စားမှုအစစ်ဆေးခံရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီသို့ ရောက်ရှိ

မလေးရှားဝန်ကြီးချုပ်ဟောင်း အဂတိလိုက်စားမှုအစစ်ဆေးခံရန်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီသို့ ရောက်ရှိ

ပူထရာဂျာယာ   မေ   ၂၂

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်သည်   အဂတိလိုက်စားမှုဖြင့် အစစ်ဆေးခံရန် အဂတိလိုက်စားမှုတိုက် ဖျက်ရေးအေဂျင်စီထံသို့ မေ ၂၂ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မလေးရှား  ဝန်ကြီးချုပ်ဟောင်း နာဂျစ်အား ၂ဝဝ၉ ခုနှစ် ¤င်းတာဝန်ယူ ခဲ့စဉ်အတွင်း ဖွဲ့စည်းတည်ထောင်ထား သော နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကိစ္စ နှင့် ပတ်သက်ဆက်နွှယ်သည့် အက်စ် အာရ်စီအင်တာနေရှင်နယ် ကုမ္ပဏီအား စုံစမ်းစစ်ဆေးရာတွင်  အကူအညီပေး နိုင်ရေးအတွက် မလေးရှားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်  ဆက်စပ်သည့် ဖြစ်စဉ်များတွင် နာဂျစ်နှင့် အပေါင်းပါ များသည် အမေရိကန်ဒေါ်လာသန်းပေါင်း များစွာကို   အလွဲသုံးစားပြုလုပ်ထား ကြောင်း စွပ်စွဲခံထားရသည်။

မလေးရှား  ဝန်ကြီးချုပ်ဟောင်း နာဂျစ်က  အဆိုပါ  စွပ်စွဲမှုအားလုံးကို ငြင်းဆိုထားသည်။  မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့သည်  ရွေးကောက်ပွဲနောက်ပိုင်း အဂတိလိုက်စားမှု  တစ်စိတ်တစ်ဒေသ အဖြစ်  သက်သေပြနိုင်ရန်  နာဂျစ်နှင့် ဆက်နွှယ်မှုရှိသည့် ပုဂ္ဂလိကအိမ်ရာများ၊ ဇိမ်ခံကွန်ဒိုတိုက်ခန်းများအား ဝင်ရောက် ရှာဖွေခဲ့ရာ တန်ဖိုးကြီးလက်ကိုင်အိတ် များ၊ လက်ဝတ်ရတနာများကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

လက်ရှိဝန်ကြီးချုပ်သစ် မဟာသီယာ က ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ကြောင်း တွေ့ရှိခဲ့ပါက နာဂျစ်အနေဖြင့် တာဝန်ခံ ရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။                          

MMAL

No comments:

Post a Comment