Latest News

Saturday, May 19, 2018

ဖိုတိုရှော့ဖြင့်ပြင်ထားသော ကိုယ်လုးံတီးပုံအား ရွာထဲလိုက်ပြသူတစ်စုကို မိန်းကလေးမှ ရဲတိုင်

ဖိုတိုရှော့ဖြင့်ပြင်ထားသော ကိုယ်လုးံတီးပုံအား ရွာထဲလိုက်ပြသူတစ်စုကို မိန်းကလေးမှ ရဲတိုင်

      ကသာခရိုင် ကောလင်းမြို့နယ် လယ်ရင်းတဲရွာတွင် အသက် ၃၆ နှစ်အရွယ် မိန်းကလေးတစ်ဦးဓာတ်ပုံကို ဖိုတို ရှော့ဖြင့် ပြုပြင်၍  ကျေးရွာအတွင်း လိုက်လံလှည့်ပြနေသူ ၄ ဦးကို ပြင်ဆင်ခံရသူ မိန်းကလေးမှ  ရဲစခန်းသို့အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
 
      ဖြစ်စဉ်မှည မေလ ၆ ရက်က အမှုဖွင့်တိုင်ကြားသူ မိန်းကလေးသည် နေအိမ်၌ ရှိနေစဉ်  ရွာထဲရှိ လူတစ်စု မှ ၄င်း၏ဓာတ်ပှုံ  မျက်နှာကို ဖြတ်ယူ၍ ကိုယ်လုးံတီး အ၀တ်မပါသော ခန္ဓာကိုယ်တစ်ခုဖြင့် ဖြတ်ဆက်ပြီး ထင်ယောင်ထင်မှားဖြစ်စေရန် ရွာအတွင်းလိုက်လံပြသနေကြောင်း သတင်းရ၍ စုံစမ်းပြီးနောက် ၄င်းတို့ကို မေလ ၁၄ ရက်နေ့ ည ပိုင်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
   
    မိန်းကလေးတစ်ဦး၏ ပုံကို ညစ်ညမ်းပုံအဖြစ် ပြင်ဆင်ပြုလုပ် ဖြန့်ဝေ သူများအား ကောလင်းမြို့မရဲစခန်းတွင် ပုဒ်မ ၂၉၂ ဖြင့် အမှုဖွင့်၍ ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment