Latest News

Wednesday, May 9, 2018

ပြည်ထဲရေး၏ ရာဇမာန် ရှခံထိသော ရဲမှုး

ပြည်ထဲရေး၏ ရာဇမာန် ရှခံထိသော ရဲမှုး


ပြီးခဲ့တဲ့ ရုံးချိန်းမှာ ယူနီဖေါင်း အပြည်အစုံ နဲ့ လာခွင့်ရခဲ့ပေမယ့် ပြည်ထဲရေးရဲ့ အမျက်တော်ရှ
ခံထိသော ရဲမှုး
မိုးရန်နိုင်ခမျာ ယခုအခါ မှာတော့ လက်ထိပ်၊ သံခြေကျင်း တန်းလန်း၊ ထောင်ဝတ်စုံကြီး နဲ့
ရုံးထုတ်တာ ခံလိုက်ရပြီ ဖြစ်ပါတယ်။

ထို့ အတွက်လည်း ဦးကိုနီ အား နေ့လည်
ကြောင်တောင် လူ မြင်ကွင်းတွင် သေနတ်နှင့်
ရက်စက်စွာ ပြစ်သတ်ခဲ့သူ ကို ရုံးထုတ်ပုံနှင့်
အကွာကြီး ကွာခြားနေတာကို လူအများက
ချက်ခြင်းဆိုသလို သတိထားမိခဲ့ပြီး ဖေ့ဘုတ်
ပေါ်မှာ ပလူပျံသွား ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ လက ရုံးချိန်းမှာ ထွက်ဆိုခဲ့မှုအား
သဘောမကျသည့် အတွက် ရဲစည်းမျဉ်းဥပဒေ
ဖေါက်ဖျက်သည် ဆိုကာ
ထောင်ဒဏ် တနှစ် အပြစ်ချခံရတဲ့ အတွက်
အခုလို ပုံစံ နဲ့ ရုံးထုတ်လာတာ ဖြစ်ပါတယ်။
 နောက် ရည်ရွယ်ချက်ကတော့ တရားရုံး မှာ ဦး
မိုးရန်နိုင်သည် အကျဉ်းသားတယောက်
 သာ ဖြစ်တယ်ဆိုတာ
 ပေါ်လွင်စေရန်နှင့် သို့မှသာ အကျဉ်းသား
တဦး၏  ပြောသမျ အား မည်သို့မျ မယုံကြည်ရဟု အများအမြင်မှာ အဓိပ္ပါယ် ပေါ်လွင်စေမှာ
လည်း ဖြစ်ပါတယ်။

သို့သော် ထူးဆန်းသည်က ၎င်းအား မည်သူက
မှ ခေါ်ယူ စစ်ဆေးခဲ့ခြင်းလည်း မရှိ ဘယ် ရဲခုံ
ရုံးက အပြစ်ဒဏ်ပေးမှန်း မသိရပဲ အခုလို မျက်
ကွယ်တွင် ထောင်ဒဏ် တနှစ် ချလိုက်တယ် ဆိုတာပဲ သိလိုက် ရတယ်လို့ ဦးမိုးရန်နိုင်က ဆိုပါတယ်။

မနေ့ ကတရားရုံးတွင် ရဲမှုး မိုးရန်နိုင်က သူ၏
ယခင် ထွက်ဆိုချက်များ အတိုင်း တချက်မှ မလွဲမချောတဲ့ အပြင် ပို၍ အသေးစိတ်
ထွက်ဆိုသွားခဲ့ပါတယ်။

မြင်သမျ သိသမျ ကို အမှန်အတိုင်း ထွက်ဆိုခဲ့တာ ဖြစ်လို့ နောင်တမရဖူးလို့ လည်း သတင်း
ထောက်တွေကို တရားရုံးက အထွက်မှာ ပြော
သွားခဲ့ပြန်ပါတယ်။

၎င်းအား မယုံကြည်ရသော သက်သေ၊ ရန်လို
သော သက်သေ အဖြစ် သတ်မှတ်ပေးရန်
အစိုးရ ရှေ့နေ ရဲ့ လျောက်ထားချက်ကို
တရားရုံး က ပါယ်ချလိုက်ပြီး ဖြစ်ပါတယ်။ ဒါက
လည်း သမ္မတ ဦးဝင်းမြင့်မှ တရားရေးဝန်ထမ်း
များ ဘက်မလိုက်ပဲ အဂတိ ကင်းကြဖို့ ခေါ်
ပြောပြီး နောက်ပိုင်း မှာ ထူးခြားစွာ ပြောင်းလဲမှု
အဖြစ် ကြိုဆိုရမှာ ဖြစ်ပါတယ်။

အစိုးရ ရှေ့နေ ဆိုသူများက ၎င်းတို့ ရဲ့ သက်သေ
ဘာထွက်ဆိုလို့ ထွက်မှန်း ကြိုတင်
မသိနိုင်လောက်
အောင် ပေါ့လျေ့စွာနဲ့ ရုံးတင်လာခဲ့ကြတာ ဖြစ်
ပြီး။ ကိုယ်ဖွင့်ပေးတဲ့
တံခါး ကို ဖွင့်ပေးပြီး မှ ပြန်ပိတ်၍ မရတော့ပေ။

၎င်းရဲ့ အသေးစိတ် ထွက်
ဆိုချက်ထဲတွင် ရဲမှုးချုပ်မှ
လျို့ ၀ှက် စာရွက်စာတမ်း"
များကို ရိုက်တာ သတင်းထောက်များကို ပေးပြီး
လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်အောင် စစ်ဆင်
ရေး တရပ် ဆင်နွဲခဲ့ပုံ တွေ ပြောသွားခဲ့ပါတယ်။

ဖြစ်ပုံ အသေးစိတ်က ၀လုံး တို့ အား ဖမ်းဆီးခဲ့သည့် နေ့မှာ  ရဲမှုးချုပ် တင်ကိုကို ဦးဆောင်တဲ့
စုံစမ်း စစ်ဆေးရေး အဖွဲ့က ဒီဇင်ဘာ ၁၂
ရက်နေ့က သတင်းထောက် ၀လုံး ရဲ့
ဆက်သွယ်ခြင်း ခံခဲ့ရတဲ့ ဦးမိုးရန်နိုင် အပါအ၀င်
တပ်ဖွဲ့ဝင် ၆ ဦးကို စုံစမ်းစစ်ဆေးနေပါတယ်။
၎င်းတို့ ၆ ဦးထဲမှာ ရဲတပ်ကြပ် နိုင်လင်း က ၀လုံး နဲ့ လူချင်းမတွေ့ဆုံ ဖူးသေးသည်ကို
ဦးတင်ကိုကို မှ သိသွားပြီး နိုင်လင်းအား ၎င်းရဲ့ ဖုန်းကိုသုံးပြီး လူချင်းတွေရန်.ချိန်းဆို
 ခိုင်းခဲ့ပါတယ်။

ထို့နောက် ဦးတင်ကိုကို က ၀လုံး လာတဲ့အခါ
ရှေ့တန်ုး တွင် ရဲအဖွဲ့ရဲ့ လှုပ်ရှားမှု အသေးစိတ်
စာရွက်စာတမ်းတွေကို ပေးပြီး  ပြန်လာ
ချိန် မှာ စောင့် ဖမ်းဖို့ အမိန့်ပေးခဲ့တယ်လို့
ဆိုပါတယ်။

ဤထွက်ဆိုချက်က သတင်းထောက် ကိုဝလုံး
တို့ လွတ်မြောက်ဖို့ သော့ချက် ဖြစ်လာခဲ့ရပါ
တယ်။ သတင်းထောက်များက နိုင်ငံတော်၏ လျို့ဝှက် သတင်းများ ရယူရန်  ကြိုးစား လာခြင်း မဟုတ်ပဲ သတင်းထောက်များ အား အဆိုပါ
ရာဇ၀တ်မှု ကို ကျုးလွန်အောင် မြူ ဆွယ်ခဲ့တဲ့
Entrapment ဖြစ်သွားပြီ ဖြစ်၍ အဆိုပါ
ထွက်ဆိုချက်ကို တရားလို ဖက်က သံသယ မရှိ
သည့် အထိ လုံးဝ မချေဖျက်နိုင်က မည်သည့်
တရားရုံးကမှ ဂုဏ်သိက္ခာမဲ့စွာ အပြစ်ရှိ
ကြောင်း စီရင်ချက် ချနိုင်တော့မည် မဟုတ်ပဲ
Stay of proceeding (အမှုကို ရုပ်သိမ်းပြီး
ကွင်းလုံးက္ဈတ်လွှတ်ဖို့) သာ ရှိပါတော့တယ်။

ဦးမိုးရန်နိုင်မှ ကိုဝလုံးနှင့် နိုဝင်ဘာ လကုန်
ပိုင်းလောက်မှာ စစ်တွေရှိ အမှတ် (၈)
 ရဲလုံခြုံရေး တပ်ရင်း ၀င်း လ္ဘက်ရည်ဆိုင်မှာ
တွေ့ဆုံခဲ့ပြီး စစ်ဆင်ရေးများ အကြောင်း ပြော
ခဲ့တယ်လို့ ထွက်ဆိုသွားပါတယ်။ ထို့အတွက်
အပြစ်ပေးရန် ရှိသူက ဦးမိုးရန်နိုင်သာ ဖြစ်ပါ
တော့တယ်။

အခုလို မိမိ အရေးယုခံရမှာကို အမူမထားပဲ
အပြစ်မရှိတဲ့ လူတယောက် ထောင်ဒဏ် ၁၄
နှစ် ကျခံရမှာကို အတတ်နိုင်ဆုံး ကာကွယ်ဖို့
အမှန်ကို ထုတ်ဖေါ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

၎င်း၏ ဇနီး ဖြစ်သူ နှင့် သားသမီး သုံး
ယောက်ကတော့ တရားခွင် မှာ ဂုဏ်ယူခြင်း များစွာနဲ့  နားထောင်နေကြပါတယ်။

သူမတို့ မိသားစုအားလည်း ရဲလိုင်းခန်ုးမှ ချက်
ခြင်းလို နှင်ထုတ်ခဲ့ကြပါတယ်။ ကာလကြာ
မြင့်စွာကတည်းက နှင်ထုတ်ဖို့ ရှိနေတာ အခု
မှ လုပ်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြော
ပေမယ့် အခုလို အချိန်ကျမှ လုပ်ပါက
၎င်းတို့ အနေဖြင့် မည်မျ အထိ ဂုဏ်သိက္ခာ ကျဆင်းနိုင်သည်ကို
မတွေးမိကြလောက်အောင် အဘယ်ကြောင့်
အဆင်ခြင် မဲ့စွာ  ပြုလုပ်ခဲ့ကြသလဲ ဆိုတာ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။

က္ဈနူပ်တို့ နေထိုင်ရာ လူ့ဘောင်ကြီး
တွင် အမှန်တရားဖက်က ရပ်တည် ပြောရန်
ဝန်မလေးသူများ ရှိနေသည်အတွက်လည်း
ဂုဏ်ယူမိပါတော့တယ်။

လှစိုး​ဝေ

No comments:

Post a Comment