Latest News

Sunday, May 20, 2018

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၁၄ကြိမ်မြောက်ပုံမှန်အစည်းအဝေးပြန်ခေါ်၊ နယ်လုံဝန်ကြီးအသစ် ကျမ်းသစ္စာကျိန်ဆိုမည်

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၁၄ကြိမ်မြောက်ပုံမှန်အစည်းအဝေးပြန်ခေါ်၊ နယ်လုံဝန်ကြီးအသစ် ကျမ်းသစ္စာကျိန်ဆိုမည်
 
      ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို မေလ ၂၁ ရက်နေ့တွင် ပြန်လည် ကျင်းပမည်ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးအသစ်အဖြစ် တာဝန်ပေးအပ်ခံရသူမှ လွှတ်တော်တွင် ကတိသစ္စာပြု၍ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း လွှတ်တော် ရုးံမှသတင်းရရှိသည်။
     
 ယခင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးအဖြစ် တာဝန်ယူထားသူမှာ ဗိုလ်မှူးကြီးကျော်သန့်နိုင်ဖြစ်ပြီး ယခုရောက်ရှိလာမည့် ၀န်ကြီးအသစ်မှာ ဗိုလ်မှူးကြီး သန်းထွန်းအောင်ဖြစ်ကြောင်း သတင်းရရှိသည်။
   
"နာမည်ကတော့ ကျွန်တော်မသိဘူး၊လွှတ်တော်မှာ ကတိသစ္စာလက်မှတ်ထိုးမှာ၊ ခန္တီးက ပြောင်းလာတာလို့တော့သိရတယ် "ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် ကပြောသည်။
     
 ၁၄ ကြိမ်မြောက်လွှတ်တော် ပုံမှန်အစည်းအဝေးကို  ၁၂ ရက်ကြာကျင်းပမည်ဖြစ်ပြီး  လွှတ်တော်ကိုယ်စားလှယ်အသီးသီးမှ မေးခွန်းပေါင်း ၁၀၀ မေးမြန်းရန် စီစဉ်ထားကြောင်း လွှတ်တော် အစီအစဉ်များအရသိရသည်။
 
၎င်းလွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရမှ တင်သွင်းသော ၂၀၁၈/၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင်ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ ရသုးံမှန်းခြေငွေစာရင်းကို ဆွေးနွေးခြင်း၊ ပို့ဆောင်ရေး၊ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၏ ချင်းတွင်းမြစ်ကြောင်း တစ်လျောက် မြို့နယ်များမှ ပုဂ္ဂလိက ရေယာဉ်များစနစ်တကျပြေးဆွဲရေး ဥပဒေအရဖွဲ့စည်းမည့် ကော်မတီများနှင့်တွေ့ဆုံကွင်းဆင်းခြင်းအစီရင်ခံစာ၊ပညာရေးကျန်းမာရေး၊အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ တစ်နှစ်တာ လုပ်ဆောင်ချက်အစီရင်ခံစာ တို့ကို တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment