Latest News

Monday, May 21, 2018

ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးအမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေတစ်ဦးအား စစ်ဆေး

ရန်ကုန်အခြေစိုက်  ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးအမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေတစ်ဦးအား စစ်ဆေး

ရန်ကုန်   မေ   ၂၁

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့်  ဖမ်းဆီးခြင်းခံထားရသော  ရန်ကုန်အခြေစိုက်   ရိုက်တာသတင်းဌာနမှ  သတင်းထောက်  ကိုသက်ဦးမောင်(ခ)ဝလုံးနှင့် ကိုကျော်စိုးဦး(ခ)မိုးအောင်တို့ အမှုနှင့်ပတ်သက်ပြီး  ရန်ကုန်မြောက်ပိုင်းခရိုင်   တရားရုံး ဒုတိယခရိုင်တရားသူကြီး   ဦးရဲလွင်က ယနေ့ နံနက်  ၁ဝ  နာရီတွင်   တရားလိုပြ  သက်သေအဖြစ်  နေပြည်တော်   နည်းပညာ မှုခင်းစုံစမ်းစစ်ဆေးရေးဌာနမှ ရဲအရာရှိတစ်ဦးအား  ရုံးရှေ့ ၌ စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြန်လည်ချိန်းဆိုထား
ယင်းအမှုနှင့်ပတ်သက်၍   ယနေ့ ရုံးထုတ်  စစ်ဆေးမှုပြုလုပ်ခဲ့ရာ၌  တရား လိုပြသက်သေ ၂၅ ဦး တင်ပြထားရာမှ ရုံးချိန်းပေါင်း   ၁၉  ချိန်းရှိပြီး   လိုပြ သက်သေ   ၂ဝ ဦး မြောက်တွင်    ယခု စစ်ဆေးနေသူအား  မနက်ဖြန် ဆက်လက် စစ်ဆေးသွားရန် ရှိသေးသဖြင့်  မေ  ၂၂  ရက်ကို ပြန်လည်ချိန်းဆိုထားကြောင်း  အဆိုပါတရားရုံးမှ သိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး  သတင်းနှင့် ပြန်ကြားရေးအရာရှိ  ဒုတိယ ခရိုင်တရားသူကြီး    ဒေါ်စုစန္ဒာဝင်း က ''ဒီကနေ့  ကျွန်မတို့  မြောက်ပိုင်းခရိုင် တရားရုံး  ၂ဝ၁၈ ခုနှစ်  ရာဇဝတ်ကြီးအမှု အမှတ်  ၄     တရားလို ရဲမှူးကြီး  ယုနိုင်   ပြစ်မှု ကျူးလွန်သူ  သက်ဦးမောင်(ခ)ဝလုံး  ပါ -၂  မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် များ အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) အရ  စွဲဆိုမှုကနေ  ယနေ့ တရားလိုပြသက်သေ ဖြစ်တဲ့  နေပြည်တော်  နည်းပညာစုံစမ်း စစ်ဆေးရေးဌာနက  ဌာနစုမှူး   ရဲမှူး အောင်ကျော်ဆန်းကို စစ်ဆေးပါတယ်၊ အဲဒီမှာ  သက်သေခံတင်သွင်းတဲ့  စာရွက် စာတမ်းနဲ့   ပတ်သက်ပြီး    စစ်ရင်းနဲ့     ရုံးချိန်ကုန်သွားတော့   တရားရုံးလုပ်ထုံး လုပ်နည်းအရ   လက်ခံသင့်၊   မသင့်  ဆုံးဖြတ်ရမှာဖြစ်လို့  မနက်ဖြန်  မေ  ၂၂ ရက်ကိုပဲ   ချိန်းဆိုထားတာပါ''   ဟု ပြောကြားသည်။

တင်ပြထား
မီဒီယာများ      မေးမြန်းမှုကို   ဆက်လက်၍       ပြောကြားသည်မှာ   ''ဒီအမှုရဲ့  လိုပြသက်သေတစ်ဦးအဖြစ်   ပါရှိတဲ့  ရဲတပ်ကြပ်ကြီး       ခင်မောင်လင်းကို ရဲအက်ဥပဒေအရ  ရဲတပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်တယ်၊   နုတ်ထွက်သွားပြီး  ရဲတပ်ရင်းမှာမရှိတော့ဘူး၊  ဘယ်အရပ် ရောက်နေမှန်း မသိဘူးလို့     မှုခင်း ရဲတပ်ဖွဲ့က ယခင်ရုံးချိန်းတုန်းက  တင်ပြ ထားတာရှိတယ်၊  သက်သေအဖြစ်တော့ ပယ်မထားဘူး၊  တရားစွဲအဖွဲ့အစည်းက  နေရပ်လိပ်စာ  အပြည့်အစုံတင်ပြပေး မယ်လို့ တင်ပြထားပါတယ်''ဟု  ပြော သည်။

မျိုးမင်းသိန်း(မရမ်းကုန်း)မြန်​မာ့အလင်း

No comments:

Post a Comment