Latest News

Monday, May 21, 2018

ပင်လယ်ပြင်အတွင်း တရားဥပဒေစိုးမိုးရေးကြိုးပမ်းဆောင်ရွက်မည်ဟု ဂျပန်ဝန်ကြီးချုပ် ပြော

ပင်လယ်ပြင်အတွင်း တရားဥပဒေစိုးမိုးရေးကြိုးပမ်းဆောင်ရွက်မည်ဟု ဂျပန်ဝန်ကြီးချုပ် ပြော


တိုကျို   မေ   ၂၁

ပင်လယ်ပြင်အတွင်း တရားဥပဒေစိုးမိုးမှုရှိစေရန် အစိုးရအဖွဲ့က ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကတိပြုပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

တိုကျိုမြို့တော်တွင် မေ ၂ဝ ရက်က ကျင်းပသော ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ တည်ထောင်မှု နှစ် (၇ဝ) ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ဝန်ကြီးချုပ် အာဘေးက ယင်းသို့ ပြောကြား လိုက်ခြင်းဖြစ်သည်။

ကမ်းခြေစောင့်တပ်ဖွဲ့မှ သင်္ဘော ၃၆ စင်းနှင့် လေယာဉ် ၁၆ စင်းတို့ ပါဝင်လေ့ကျင့်မှုကို အာဘေးက ကြည့်ရှုခဲ့သည်။

နိုင်ငံခြားရေယာဉ်များသည် ဆန်းကကုကျွန်းစုအနီးရှိ ဂျပန်နိုင်ငံ ရေပိုင်နက်အတွင်းသို့ မကြာခဏ ဝင်ရောက်ခဲ့ကြောင်း ¤င်းက ပြောကြားလိုက်ပြီး အခြေအနေမှာ တင်းမာနေဆဲ ဖြစ်သည်ဟု ဆိုသည်။

ဂျပန်ပင်လယ်ပြင်အတွင်း မျောပါလာနေသော မော်တော်ဘုတ်များသည် မြောက်ကိုရီးယား ဘက်မှ ရောက်ရှိလာသည်ဟု ခန့်မှန်းရကြောင်း အာဘေးက ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ တာဝန်ရှိသူများကို  ပြောကြားသည်။

ဆန်းကကုကျွန်းစုကို  ဂျပန်နိုင်ငံက  ထိန်းချုပ်ထားပြီး  ယင်းကျွန်းစုသည်  ဂျပန်နိုင်ငံ နယ်နိမိတ်အတွင်း အစဉ်အဆက်တည်ရှိကြောင်း ဂျပန်အစိုးရက ပြောကြားသည်။  သို့ရာတွင် ယင်းကျွန်းစုကို တရုတ်နှင့်  တရုတ်(တိုင်ပေ)တို့ကလည်း ပိုင်ဆိုင်သည်ဟုဆိုကာ အငြင်းပွားမှု ရှိနေသည်။

ရေကြောင်း လုံခြုံရေးသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်နိုင်ရေးအတွက် ဂျပန် နိုင်ငံက အလေးထားပြီး နိုင်ငံတကာ ရေကြောင်းလမ်း တည်ငြိမ်အေးချမ်းရေးကိုဖန်တီးရန် အခြားသော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဘေးက ပြောကြား သည်။                                                              

ကြေးမှုံ

No comments:

Post a Comment